



Shoon (Cele Daily)

Unicode

သူ၏ကားကို နောက်မှနေပြီး ဝင်တိုက်ခဲ့သော်လည်း ဝင်တိုက်သည့်ယာဥ်မောင်းမှာ မိန်းမချောလေးဖြစ်နေကြောင့် လျှော်ကြေးမတောင်းဘဲ ကျေအေးပေးလိုက်သည့်အမျိုးသား

စာဖတ်သူတို့၏ ဘော်ဒါများထဲတွင်ရော ကောင်မလေးချောချောလေးကို မြင်လိုက်ရလျှင် အရာရာအေးချမ်း အဆင်ပြေသွားသည့် ကောင်လေးမျိုးရှိကြပေလိမ့်မည်ဟု ထင်မှတ်ပေသည်။ယခုတွင်လည်း အမျိုးသားတစ်ဦးဟာ သူ၏ကားမှာ ပျက်စီးသွားခဲ့ပြီး ငွေကြေးများစွာ ကုန်ကျမည်ဖြစ်သော်လည်း မိန်မချောလေးကြောင့် အရာရာကို ကျေနပ်နေခဲ့ပါတယ်။

တရုတ်နိုင်ငံ Guang Dongရှိ Xunliaoတွင် ယာဥ်တိုက်မှုဖြစ်ခဲ့ပါတယ်။မိန်းမချောလေးတစ်ဦးဟာ Ferrariကားကိုမောင်းလာခဲ့ပြီး အမျိုးသားတစ်ဦး၏ကားကိုနောက်မှဝင်တိုက်မိခဲ့တော့တာဖြစ်ပါတယ်။

အမျိုးသားဟာ သူ၏ကားကိုအတိုက်ခံလိုက်ရသောကြောင့် ဒေါသထွက်စွာဖြင့် ကားပေါ်မှဆင်းလာခဲ့သော်လည်း သူ့ကို တိုက်လိုက်သည့်ကားမောင်းသူဟာ မိန်းကလေးဖြစ်နေသောအခါ ချက်ချင်းမျက်နှာပြောင်းသွားသည်ဟု မြင်တွေ့သူများကဆိုခဲ့ပါတယ်။ထို့နောက်တွင် ကောင်မလေးကို စိတ်ဆိုးခြင်းမရှိဘဲ အားလုံးကို ကျေအေးပေးခဲ့သည်ဟု သိရပါတယ်။

Shoon (Cele Daily)

  • Leave a Comment