



Shoon (Cele Daily)

Unicode

အနုစိပ်လှပလွန်းလှသည့် သဘာဝဆန်ဆန် တက်တူးလေးတွေကို ပုံကြမ်းဆွဲစရာမလိုဘဲ ပန်းနှင့်သစ်ရွက်ပုံစံတက်တူးတွေကို တစ်ထေရာတည်းတူအောင်ဆွဲနိုင်သည့် တက်တူးဆရာ

ရှေးယခင်က အယူအဆမျိုးစုံဖြင့် ထိုးနှံခဲ့ကြသော တက်တူးလေးတွေဟာ ၂၁နှစ်ရာစုခေတ်ကြီးထဲတွင် အနုပညာလက်ရာတစ်မျိုးအနေဖြင့် အကောင်းမြင်လာခဲ့တာဖြစ်ပါတယ်။တက်တူးထိုးခြင်းတွင် ဆေးထိုးပေသူ၏ အနုစိပ်လှပအောင် ရေးဆွဲနိုင်မှုသည်လည်း အဓိကကျသော ခန်းကဏ္ဍမှ ပါဝင်နေပါတယ်။

ယခုတွင် တက်တူးထိုးခြင်းနှင့်ပတ်သတ်ပြီး သစ်ရွက်နှင့်ပန်းပုံတို့ကို လူ၏ကိုယ်ပေါ်တွင် တင်ထားသည်ဟုပင် ထင်မှတ်စေလောက်အောင် တက်တူးထိုးနိုင်သည့် ယူကရိန်းနိုင်ငံမှ Rita Zolotukhinaဆိုသည့် တက်တူးဆရာဟာ နာမည်ကျော်ကြားနေခဲ့ပါတယ်။

ထိုတက်တူးဆရာဟာ တက်တူးပုံကို ပုံကြမ်းဆွဲစရာမလိုဘဲ ထိုးချင်သည့် သဘာဝဆန်သော ပုံလေးတွေကို ပြသလိုက်သည်နှင့် တစ်ခါတည်းထိုးနှံနိုင်တာဖြစ်ပါတယ်။ထိုတက်တူးဆရာ၏ သဘာဝဆန်သော အနုစိပ်လှပမှုတွေဟာ နာမည်ကျော်ကြားနေခဲ့ပါတယ်။

Shoon (Cele Daily)

  • Leave a Comment