



Shoon (Cele Daily)

Unicode

ခရီးသွားရန်အတွက် ကားငှားစီးခဲ့သော်လည်း ယာဥ်မောင်းအမျိုးသားဟာ ပင်ပန်းလွန်းပြီး အိပ်ငိုက်နေခဲ့သောကြောင့် ကားကိုကူမောင်းပေးပြီး အနားယူစေခဲ့သည့် လေးစားဖွယ်အမျိုးသား

နေရာဒေသတိုင်းတွင် အငှားယာဥ်ငယ်မောင်းလုပ်ငန်းဟာ လိုအပ်နေခဲ့ရပြီး တက္ကစီမောင်းရသည့်ဘဝဟာ ထိုင်ခုံပေါ်တွင်ထိုင်ပြီးလုပ်ကိုင်ရသည်ဆိုသော်လည်း လွယ်ကူလှသော အလုပ်တစ်ခုတော့ မဟုတ်ပေ။

ယခုတွင်လည်း ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင်နေထိုင်သော ဇနီးမောင်နှံနှစ်ဦးဟာ ပါဆစ်မြို့သို့ ခရီးသွားရန် အငှားယာဥ်တစ်စီးကို ငှားရမ်းခဲ့တာဖြစ်ပါတယ်။ထိုအခါ ယဥ်မောင်းဖြစ်သူဟာ တစ်နေကုန်မနားရဘဲ ကားမောင်းနေသည်အတွက် ပင်ပန်းနေပြီး အိပ်ငိုက်နေခဲ့တာဖြစ်ပါတယ်။

ထို့ကြောင့် ကားငှားခဲ့သည့်အမျိုးသားဟာ ယာဥ်မောင်းဖြစ်သူကို အေးဆေးအနားယူအိပ်စက်စေပြီး ကားငှားထားခြင်းဖြစ်သော်လည်း ကိုယ်တိုင်မောင်နှင်ပေးခဲ့တာဖြစ်ပါတယ်။မနီဘာမြို့နှင့် ပါဆစ်မြို့ဟာ ကားဖြင့်တစ်နာရီအကြာမောင်းနှင်ရသောအကွာအဝေးဖြစ်ပြီး အမျိုးသားဟာ ယာဥ်မောင်းက အချိန်လုံလောက်စွာအနားရလိမ့်မည်ဟုလည်း မျှော်လင့်နေခဲ့တာဖြစ်ပါတယ်။

Shoon (Cele Daily)

  • Leave a Comment