



Shoon (Cele Daily)

Unicode

မင်္ဂလာနှစ်ပတ်လည်နေ့လေးတွင် ဇနီးသည်ဖြစ်သူ၏ပြာအိုးလေးကိုသာ ယူဆောင်လာပြီး ညစာအတူတူစားနေခဲ့ရသောကြောင့် ဝမ်းနည်းပူဆွေးကာ ငိုကြွေးနေသည့် အဖိုးအို

မင်္ဂလာဆောင်သည့်နေ့ဟာ ချစ်သူနှစ်ဦးအတွက် အထူးခြားဆုံးသော နေ့လေးဖြစ်ပြီး နှစ်ပတ်လည်ရက်မြတ်လေးကတော့ သူတို့နှစ်ဦးအတွက် ကောင်းမွန်သည့် အမှတ်တရလေးတွေကို ပြန်လည်ခေါ်ဆောင်လာပေးခြင်းဖြစ်ပါတယ်။

ယခုတွင်လည်း အဖိုးအိုတစ်ဦးဟာ အရမ်းချစ်ရသည့် ဇနီးသည်လေးနှင့်အတူ နှစ်တွေကြာမြင့်စွာ အတူရှိလာခဲ့ပြီးမှ အသက်အရွယ်ကြောင့် ကွဲကွာသွားခဲ့ရတာလည်းဖြစ်ပါတယ်။လူသားတိုင်းဟာ အချိန်၏တိုက်စားခြင်းကို ခံနေကြရပြီး လွန်ဆန်နိုင်ကြလိမ့်မည်မဟုတ်ပေ။

အဖိုးအိုဟာ မင်္ဂလာနှစ်ပတ်လည်လေးတွင် ဇနီးသည်လေးကို မမေ့နိုင်သည့်အတွက် အတူစားနေကြဆိုင်လေးတွင် ဇနီးသည်၏ပြာအိုလေးဖြင့်သာ အတူသွားရောက်ခဲ့တာဖြစ်ပါတယ်။ထို့နောက် အစားအသောက်များမှာယူပြီးချိန်တွင် အဖိုးအိုဟာ ဝမ်းနည်းမှုတွေကို မထိန်းနိုင်တော့ဘဲ ငိုကြွေးနေခဲ့တာဖြစ်ပါတယ်။

Shoon (Cele Daily)

  • Leave a Comment