



Shoon (Cele Daily)

Unicode

ကမ္ဘာကျော်သည့် မော်ဒယ်မင်းသမီးတို့၏ ဖက်ရှင်ဒီဇိုင်းတွေကို လိုက်လံတုပပြီး cosplayအနေဖြင့် ပြုလုပ်ရာမှ လူအများက သဘောကျပြီး နာမည်ကျော်လာသည့် ကောင်မလေး

Cosplayပြုလုပ်ခြင်းဆိုတာကို များစွာရှင်းပြစရာလိုလိမ့်မည်မထင်ဘဲ လူတိုင်းလည်း သိနေပြီးကြပြီဖြစ်ပေလိမ့်မည်။နာမည်ကျော်လှသော ဇာတ်ကောင်များသို့မဟုတ် မော်ဒယ်မင်းသမီးတို့၏ ပွဲတက်ဝတ်စုံဖက်ရှင်ကို လိုက်တုပြီး ရယ်စရာကောင်းအောင် ဖန်းတီးခြင်းတစ်ခုဖြစ်ပါတယ်။

ယခုတွင်လည်းထိုင်းနိုင်ငံ Ratchaburiမှ Sine Benjaphornဆိုသည့်ကောင်မလေးဟာ cosplayပြုလုပ်ရာမှ အောင်မြင်ကျော်ကြားကာ လူသိများလာခဲ့ပါတယ်။ကောင်မလေး၏ တုပကာလိုက်လုပ်သည့် ဖက်ရှင်ပုံစံတို့ဟာ အတော်လေးရယ်စရာကောင်းနေခဲ့ပြီး အိမ်တွင်ရှိသော ပစ္စည်းများဖြင့် လုပ်ဆောင်နိုင်ခဲ့တာဟာ အတော်လေးအတွေးအခေါ်ကောင်းသည်ဟုဘဲ ဆိုရမှာလည်းဖြစ်ပါတယ်။

ကောင်မလေး၏ ကြိုးစားလုပ်ဆောင်ပုံတွေဟာ ကမ္ဘာတစ်ဝှမ်းမှ ပရိတ်သတ်ပေါင်းများစွာ၏ အသည်းကိုပင် ဖမ်းစားနိုင်ခဲ့တာဖြစ်ပါတယ်။

Shoon (Cele Daily)

  • Leave a Comment