



Shoon (Cele Daily)

Unicode

ရပ်ဝေးဒေသတွင် အလုပ်သွားလုပ်နေရသော်လည်း မိဘနှစ်ပါးတည်းနေအိမ်တွင်ကျန်ခဲ့သည်ကို စိတ်မချသောကြောင့် ကင်မရာဖြင့် အမြဲစောင့်ကြည့်ပြီး စိတ်ပူနေခဲ့သည့် သားလိမ္မာ

တရုတ်နိုင်ငံ Liaoningပြည်နယ်တွင်နေထိုင်သော Yi Li ဆိုသည့်ကောင်လေး၏ မိဘအပေါ်တွင်သိတတ်လှသော သားလိမ္မာရတနာလေးအကြောင်းကို ဖော်ပြပေးထားတာဖြစ်ပါတယ်။ကောင်လေးဟာ နေအိမ်ဖြင့် ကီလိုမီတာ၁၀၀၀အထိကွာဝေးသော အရပ်ဒေသတွင် သွားရောက်အလုပ်လုပ်နေခဲ့ရတာဖြစ်ပါတယ်။

ဘဝရှင်သန်ရေးအတွက် နေအိမ်နှင့်ဝေးကွာသောအရပ်တွင် မလုပ်ချင်သော်လည်း လုပ်ကိုင်နေခဲ့ရသည်။ထိုအခါ နေအိမ်တွင်ကျန်ခဲ့သော မိဘနှစ်ပါးမှာ အသက်ကြီးရင့်နေပြီး ဂရုစိုက်ပေးမယ်လူမရှိသောကြောင့် အချိန်တိုင်းစိတ်ပူပြီး အလုပ်လုပ်နေခဲ့ရတာဖြစ်ပါတယ်။

ထို့ကြောင့် ကောင်လေးဟာ ကင်မရာသုံးလုံးကို နေအိမ်တွင် တပ်ဆင်းထားခဲ့ပြီး မိဘတို့အဆင်ပြေခြင်းရှိမရှိတို့ကို အဝေးမှနေပြီး အချိန်တိုင်း စောင့်ကြည့်နေခဲ့တာဖြစ်ပါတယ်။

Shoon (Cele Daily)

  • Leave a Comment