



Shoon (Cele Daily)

Unicode

နိုင်ငံခြားသို့အလုပ်သွားလုပ်ပြီး ပြန်လာသောအခါ အိမ်သို့တန်းမပြန်ဘဲ သားနှင့်သမီးတို့အမြဲလာစားသည့် စားသောက်ဆိုင်တွင် စားပွဲထိုးဟန်ဆောင်ပြီး ပျော်ရွင်အောင် လုပ်ဆောင်ခဲ့သောဖခင်

မိဘတို့သည် သားသမီးတို့၏ရှေ့ရေးအဆင်ပြေစေရန်အတွက် တိုင်းတစ်ပါးအထိပင် သွားရောက်ကာ အလုပ်များကို ကြိုးစားလုပ်ကိုင်ပေးနေသူများလည်းရှိပါတယ်။ယခုတွင်လည်း နိုင်ငံခြားတွင် အလုပ်သွားလုပ်နေသော ဖခင်တစ်ဦးက သူ၏သားသမီးလေးတွေကို ပျော်ရွင်အောင် လုပ်ဆောင်ပေးခဲ့ပုံဟာ အတော်လေးကြည်နူးဖွယ်ကောင်းလှပါတယ်။

ဖခင်ဖြစ်သူဟာ နိုင်ငံခြားမှ နေအိမ်သို့ပြန်လာသည့်အချိန်တွင် အိမ်သို့တစ်ခါတည်းမပြန်ဘဲ ဇနီးဖြစ်သူနှင့် သားသမီးတို့ မနက်စာအမြဲတမ်းလာစားလေ့ရှိသည့် စားသောက်ဆိုင်သို့အရင်သွားခဲ့တာပါ။ထို့နောက် သားသမီးတို့ မနက်စာလာစားသည့်အချိန်မှ စားပွဲထိုးအနေဖြင့်ဟန်ဆောင်ပြီး မှာထားတာကို ချပေးခဲ့တာဖြစ်ပါတယ်။

အစပိုင်းတွင် ဖခင်ကို မမှတ်မိခဲ့သော်လည်း သမီးဖြစ်သူက မှတ်မိသွားပြီးနောက်တွင် မိသားစုတစ်ခုလုံးက အံ့သြပျော်ရွင်ခဲ့ရတာဖြစ်ပါတယ်။

Shoon (Cele Daily)

  • Leave a Comment