



Shoon (Cele Daily)

Unicode

သူငယ်ချင်းတစ်ယောက်ကိုအဖော်ခေါ်ပြီး အသက်၁၃နှစ်အရွယ်သမီးလေးကို သူဋ္ဌေးတစ်ဦးထံ ပေါင်၁၉၀၀၀ဖြင့် ရောင်းချဖို့သွားရောက်ခဲ့သည့် မိခင်တစ်ဦး အဖမ်းခံခဲ့ရ

ယခုအဖြစ်အပျက်လေးဟာ ရုရှားနိုင်ငံ မော်စကိုမြို့တွင် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။Irina Gladkikhဆိုသည့် အသက်၃၅နှစ်အရွယ်အမျိုးသမီးဟာ အိမ်ခြံမြေလုပ်ငန်းကို လုပ်ကိုင်နေသူလည်းဖြစ်ပါတယ်။

အမျိုးသမီးဟာ အတော်ထူးဆန်းလွန်းလှပြီး သူမ၏အသက်၁၃နှစ်အရွယ်သာရှိသော သမီးပျိုလေးကို မော်စကိုမြို့ရှိ သူဋ္ဌေးကြီးတစ်ဦးထံ ရောင်းချဖို့ သွားရောက်ခဲ့တာလည်းဖြစ်ပါတယ်။သွားရောက်ရောင်းချသည့်အချိန်တွင် သူမ၏သူငယ်ချင်းကိုပါ အဖော်အနေဖြင့် ခေါ်ဆောင်သွားခဲ့သေးတာဖြစ်ပါတယ်။

သို့သော်လည်း ရဲတပ်ဖွဲ့ဟာ စုံစမ်းရမိသွားသည့်အတွက် သူမ၏သမီးကို ရောင်းချလိုက်ရခြင်းမရှိဘဲ အမျိုးသမီးအပြင် အဖော်ပါလာသည့် သူငယ်ချင်းဖြစ်သူကိုပါ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ဖမ်းဆီးခံရချိန်တွင် အမျိုးသမီးဟာ ငွေကြေးအဆင်မပြေသည့်အတွက် လုပ်ဆောင်မိတာဟု ဆိုထားပါတယ်။

Shoon (Cele Daily)

  • Leave a Comment