



Sgoon (Cele Daily)

Unicode

သူမ၏ပျောက်ဆုံသွားသော သမီးငယ်လေးကို ရှာဖွေရန်အတွက်ဟုဆိုကာ ခွေးကလေးတွေကိုအဖော်ခေါ်ပြီး ကီလိုမီတာ၃၀၀အထိကို လမ်လျှောက်သွားခဲ့သည့် အဖွားအို

လမ်းလျှောက်ထွက်လာခဲ့သော အဖွားအိုတစ်ဦး၏ ပုံစံအနေအထားတို့ကြောင့် ကောင်မလေးတစ်ဦးက စာနာသနားမိပြီး မေးမြန်းကြည့်ရာမှ သိရှိခဲ့ရတာဖြစ်ပါတယ်။အဖွားအိုဟာ ပစ္စည်းများစွာသယ်ဆောင်လာပြီး ခွေးကလေးနှစ်ကောင်ကို အဖော်ပြုကာ လမ်းလျှောက်ထွက်နေခဲ့တာဖြစ်ပါတယ်။

အဖွားဟာ ခွေးကလေးတွေကိုလည်း အဝတ်အစားသေချာစွာဝတ်ဆင်ပေးထားတာဖြစ်ပါတယ်။ကောင်မလေးတစ်ဦးဟာ ခရီးထွက်ရင်း အဖွားကိုတွေ့ရှိခဲ့ပြီး နောက်တစ်ရက်အရောက်တွင် အခြားမြို့၌ ထက်တွေ့ခဲ့ရတာဖြစ်ပါတယ်။

ထိုအခါ ကောင်မလေးက အဖွားကို အခြေအနေလေ့လာနိုင်ရန် မေးမြန်းကြည့်သောအခါ အဖွား၏အကြောင်းကို သိခဲ့ရပါတယ်။အဖွားဟာ သူ၏သမီးလေးပျောက်သွားသည့်အတွက် ရှာဖွေနိုင်ရန် ခရီးထွက်လာခဲ့တာဖြစ်ပြီး အဖွားနေထိုင်သည့်မြို့ဆိုလျှင် ကီလိုမီတာပေါင်း၃၀၀ကျော်အထိကို လမ်းလျှောက်လာခဲ့ကြောင်း သိခဲ့ရပါတယ်။

Sgoon (Cele Daily)

  • Leave a Comment