



Shoon (Cele Daily)

Unicode

ဆိုင်တွင်အစမ်းဝတ်ကြည့်တုန်းက အတော်လေးလှပပြီး သဘောကျလို့ ဝယ်ယူခဲ့သော်လည်း အိမ်ပြန်ရောက်လို့ ဝတ်ကြည့်လိုက်မှ ရုပ်ဆိုးသွားခဲ့လို့ မှန်များကွာခြားလို့လားဆိုတာ သိချင်နေသည့် အမျိုးသမီး

လူတို့အတွက် အဝတ်အထည်သည် မရှိမဖြစ်လိုအပ်သော အရာတစ်ထုဖြစ်ပြီး မိမိနှင့်လိုက်ဖက်မည့် ဖက်ရှင်ဒီဇိုင်းမျိုးကို ကွေးချယ်ဝယ်ယူတတ်ရန်လည်း လိုအပ်ပါတယ်။ယခုတွင်လည်း အမျိုးသမီးတစ်ဦးဟာ အထည်ဆိုင်တစ်ခုတွင် အဝတ်အထည်လေးတွေကို ကိုယ်တိုင်ရွေးချယ်ဝယ်ယူခဲ့ပြီး လိုက်ဖက်မှုရှိမရှိသိစေရန် ဆိုင်အတွင်း၌ပင် ဝတ်ဆင်ကြည့်ခဲ့နာဖြစ်ပါတယ်။

ဆိုင်တွင်ဝတ်ဆင်ကြည့်တုန်းက အတော်လေးလှပနေသောကြောင့် ဓာတ်ပုံလေးပင် ရိုက်လာခဲ့သေးတာလည်းဖြစ်ပါတယ်။အထည်လေးကို သဘောကျလို့ ဝယ်လာခဲ့ပြီး နေအိမ်တွင် ဝတ်ဆင်ကြည့်လိုက်သောအခါ မိမိကိုယ်ကိုယ်သဘောမကျတော့သည့်အပြင် ဆိုင်ကလို မချောတော့ဘဲ ရုပ်ဆိုးနေပါတော့တယ်။

ထို့ကြောင့်အမျိုးသမီးဟာ နေအိမ်ကကြည့်မှန်နှင့် ဆိုင်မှကြည့်မှန်တို့ဟာ ကွာခြားမှုများရှိနေလားဆိုတာ စဥ်းစားမရဖြစ်နေခဲ့ပါတယ်။

Shoon (Cele Daily)

  • Leave a Comment