



Shoon (Cele Daily)

Unicode

မျက်နှာမှ အမာရွတ်များကြောင့် သိမ်ငယ်စွာဖြင့် အခန်းပြင်မထွက်ရဲဘဲ ဘဝကို ဖြတ်သန်းနေရာမှ အစားအသောက်ပို့သည့်ကောင်လေးတစ်ယောက်နှင့် တွေ့ဆုံပြီး ပျော်ရွင်ဖွယ်လောကကြီးကို ရရှိခဲ့သည့် ကောင်မလေး

လဲကျနေသည့်အချိန်တွင် ဆွဲထူပေးသူနှင့် တွေ့ရသည့်အချိန် အားငယ်နေချိန် လာရောက်အားပေးသူနှင့် ဆုံဆည်းရတာဟာ အလွန်ပင်ပျော်စရာကောင်းသော အချိန်လေးပင်ဖြစ်ပေသည်။ဘဝတစ်ခုလုံးကို အားငယ်စွာဖြင့် ကြောက်ရွံမှုနှင့်ဖြတ်သန်းနေရသော လူတစ်ယောက်ဟာ ဘဝကို အလင်းပေးသူနှင့်ဆုံဆည်းခွင့်ရခဲ့တာဟာ မည်မျှပင် ပျော်ရွင်ဖွယ်ကောင်းလိမ့်မည်နည်း။

ဗီယက်နမ်နိုင်ငံမှ Nguyen Thi Huongဆိုသည့်ကောင်မလေးဟာ အသက်၁၀နှစ်အရွယ်က မီးဆော့ကစားရာမှ ခန္ဓာကိုယ်တစ်ခုလုံးလောင်ကျွမ်းပြီး အမာရွတ်များဖြင့် လက်ကျန်ဘဝကို အခန်းအပြင်မထွက်ရဲဘဲ ဖြတ်သန်းခဲ့ရတာဖြစ်ပါတယ်။

ထိုအချိန်မှ အစားအသောက်လာပို့သည့် အမျိုးသားတစ်ဦးနှင့် ဆုံတွေ့ခဲ့ပြီးနောက်တွင် အမျိုးသား၏အချစ်များဖြင့် ကောင်မလေး၏ဘဝဟာ ပြန်လည်စိုပြေခဲ့တာဖြစ်ပါတယ်။ယခုအချိန်တွင် သူတို့နှစ်ဦးဟာ လက်ထပ်ယူခဲ့ပြီး သာယာပျော်ရွင်ဖံယ်ဘဝကို ထူထောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။

Shoon (Cele Daily)

  • Leave a Comment