



Shoon (Cele Daily)

Unicode

လမ်းသွားလမ်းလာများ မငေးကြည့်ဘဲမနေရအောင် စွဲဆောင်မှုရှိနေခဲ့သည့် ကြွက်ကလေးနှစ်ကောင်ကို အဖော်ခေါ်ပြီး လမ်းလျှောက်ထွက်ခဲ့သည့် အမျိုးသမီး၏ဗီဒီယို

စာဖတ်သူတို့အနေဖြင့်ရော စိတ်ကူးထဲတွင် အများနှင့်မတူဘဲ ဆန်းဆန်းပြားပြားလေး လုပ်ဆောင်ချင်သည့် စိတ်ကူးအိမ်မက်များ ရှိနေခဲ့မည်ဆိုလျှင် လက်တွေ့လုပ်ဆောင်လိုက်ဖို့ တိုက်တွန်းချင်ပါတယ်။

ယခုတွင်လည်း တရုတ်နိုင်ငံ ဂွမ်ဒေါင်းပြည်နယ် Zhongshanမြို့ရှိ လမ်းမတစ်ခုပေါ်တွင် လမ်းလျှောက်နေခဲ့သော အမျိုးသမီးတစ်ဦး၏ လုပ်ဆောင်ပုံကတော့ အခြားသူများကို အံ့သြစေခဲ့ရပါတယ်။သာမန်အားဖြင့် လူတိုင်းဟာ တစ်ဦတည်း လမ်းလျှောက်ထွက်ပြီဆိုလျှင် အဖော်အနေဖြင့် ခွေးကလေးများကိုသာ ခေါ်ဆောင်သွားတတ်ပါတယ်။

ယခုတွင်တော့ အမျိုးသမီးဟာ ကြွက်နှစ်ကောင်ကို အဖော်ခေါ်ပြီး ထွက်လာခဲ့တာဖြစ်ပါတယ်။ကြွက်နှစ်ပေါင်ကို ကြိုးလေးဖြင့်ချည်ပြီး ဆွဲခေါ်ပြီး သွားလာနေသည့်ဗီဒီယိုလေးဟာ လိုင်းပေါ်တွင် နာမည်ကြီးနေခဲ့ပြီဖြစ်ပါတယ်။

Shoon (Cele Daily)

  • Leave a Comment