



Shoon (Cele Daily)

Unicode

ဖခင်ကထောင်ကျနေသည့်အချိန်တွင် မိခင်ဖြစ်သူက စွန့်ပစ်ကာထားခဲ့လို့ ခွေးကလေးတစ်ကောင်ကိုအဖော်ပြုပြီး လမ်းဘေးတွင်အိပ်နေခဲ့ရသည့် ၉နှစ်အရွယ်ကလေးလေး

အိန္ဒိယနိုင်ငံမှ အသက်၉နှစ်အရွယ်သာရှိသေးသည့် ကလေးငယ်တစ်ဦး၏ ဝမ်းနည်းဖွယ်ရာ ဘဝအခြေအနေလေးဟာ လူတိုင်းကို အတော်လေးဝမ်းနည်းကြေကွဲစေခဲ့ရပါတယ်။ကလေး၏နာမည်မှာ Ankitဟုအမည်ရပြီး ကုန်တိုက်တစ်ခု၏ရှေ့တွင် ခွေးကလေးတစ်ကောင်ကို အဖော်ပြုပြီး အိပ်နေသည်ကို မြင်တွေ့ခဲ့ရသောကြောင့် ရဲတပ်ဖွဲကသွားရောက်ခေါ်ဆောင်ပြီး ကူညီပေးခဲ့ရတာဖြစ်ပါတယ်။

ထိုအချိန်မှသာ ကလေး၏ဘဝအကြောင်းကိုသေချာစွာ သိရပြီး သူ၏ဖခင်ဟာ ထောင်ကျနေသူဖြစ်ကာ မိခင်နှင့်အတူနေထိုင်သော်လည်း မိခင်က သူ့ကိုစွန့်ပစ်ကာ ထွက်သွားခဲ့တာဖြစ်ပါတယ်။

ကလေးဟာ နေ့အချိန်တွင် လက်ဖက်ရည်ဆိုင်တစ်ခု၌ ခိုင်းသည့်အလုပ်တွေကို အလုပ်လုပ်ကာ ဝမ်းစာဖြည့်နေရပြီး ညအချိန်တွင်တော့ နေစရာနေရာမရှိသည့်အတွက် လမ်းဘေးလေးတွင်သာ နေထိုင်နေရတာဖြစ်ပါတယ်။

Shoon (Cele Daily)

  • Leave a Comment