



Shoon (Cele Daily)

Unicode

သူမကို လွန်ခဲ့သော ၁၁နှစ်က သွေးလှူကာ အသက်ကယ်ပေးခဲ့သည့်ကျေးဇူးရှင်နှင့် ဖူးစာဆုံတွေ့ခဲ့ရပြီး လက်ထပ်ယူနိုင်ခဲ့သည့် အံ့သြဖွယ်ရာတိုက်ဆိုင်မှုနှင့် ကြုံခဲ့ရသည့် ကောင်မလေး

လောကထဲတွင် တစ်ခါတစ်လေမထင်မှတ်ဘဲ တိုက်ဆိုင်မှုများသည် ကြိုတင်ပြင်ဆင်ထားတာထက်ပင် ပို၍တိကျမှုရှိနေတတ်ပေသည်။ယခုတွင်လည်း ထိုင်ဝမ်နိုင်ငံမှ Lianဆိုသည့်အမျိုးသားသည် အသက်၂၀အရွယ်မှစကာ သွေးလှူဒါန်းမှုကို ပုံမှန်ပြုလုပ်ပေးနေခဲ့တာဖြစ်ပါတယ်။

ထို့နောက် နှစ်ပေါင်းများစွာကြာခဲ့သောအခါ လွန်ခဲ့သဆာ၁၁နှစ်က အရေးပေါ်သွေးလိုအပ်နေသဖြင့် သွားရောက်လှူဒါန်းပေးခဲ့ပြီး အသက်ကယ်တင်နိုင်ခဲ့သော ကောင်မလေးနှင့် ပြန်လည်ဆုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

ပြန်လည်ဆုံတွေရာတွင် သာမန်ကဲ့သို့မဟုတ်ဘဲ ချစ်သူအနေဖြင့် ဆုံတွေ့ခွင့်ရခဲ့ပြီး လက်ထပ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။အမျိုးသားဟာ ကောင်မလေးကို တစ်ကြိမ်တည်း လှူဒါန်ပေးခဲ့ရတာမဟုတ်ဘဲ ဆယ်ကြိမ်တိတိပင် လှူဒါန်းပြီး ကူညီခဲ့ရတာဖြစ်ပါတယ်။

Shoon (Cele Daily)

  • Leave a Comment