



Shoon (Cele Daily)

Unicode

စာမလုပ်ဘဲ တီဗွီကိုအမြဲတမ်းကြည့်နေသောကြောင့် မိခင်ဖြစ်သူမှ ဆူပူလိုက်သောအခါ စိတ်ဆိုးပြီး သူငယ်ချင်းဖြစ်သူခွေးကလေးကို စက်ဘီးပေါ်တင်ကာ အိမ်ပေါ်ကဆင်းခဲ့သည့်ကလေးလေး

ယခုအကြောင်းအရာလေယကတော့ အသက်၆နှစ်အရွယ်သာရှိသေးသည့် ကလေးငယ်တစ်ဦး၏ ရယ်စရာအပြုအမူလေးတစ်ခုဖြစ်ပါတယ်။ကလေးငယ်တို့၏သဘာဝအတိုင်း အပျော်အပါးကိုသာမက်ပြီး စာကျက်ရမည့်ဆိုပါက အတော်လေးပြောဆိုဆုံးမရတာဖြစ်ပါတယ်။

ယခုတွင်ခည်း Dong Dongဆိုသည့် အသက်၆နှစ်အရွယ်ကလေးဟာ အိမိစာတွေကိုမလုပ်ဘဲ အမြဲတမ်းတီဗွီကြည့်နေခဲ့ပါတယ်။ထိုအခါ မိခင်ဖြစ်သူက ဆူပူမှုတွေပြုလုပ်သောအခါ ကောင်လေးက စိတ်ဆိုးပြီး နေအိမ်ပေါ်မှဆင်းခဲ့တာဖြစ်ပါတယ်။

ကောင်လေးဟာ သူတစ်ယောက်တည်း အိမ်ပေါ်ကမဆင်းဘဲ နေအိမ်၌မွေးထားသည့် ခွေးကလေးကို အဖော်အဖြစ်ခေါ်သွားခဲ့ပြီး စက်ဘီးပေါ်တင်ကာ ထွက်သွားခဲ့တာဖြစ်ပါတယ်။ကလေး၏ အိမ်ပေါ်မှဆင်းသွားသည့် ပုံရိပ်လေးတွေကို မိခင်ဖြစ်သူက လိုင်းပေါ်တင်ခဲ့ရာမှ လူအများက ရယ်မောနေခဲ့တာဖြစ်ပါတယ်။

Shoon (Cele Daily)

  • Leave a Comment