Shoon (Cele Daily)
Unicode
ခင်ပွန်းဖြစ်သူ သေဆုံးသွားပြီးနောက်တွင် စိတ်အလွန်ထိခိုက်ကာ သတိုးသမီးဝတ်စုံလေးကိုဝတ်ပြီး နေ့စဥ်နေ့တိုင်း လမ်းမပေါ်တွင် ခင်ပွန်းသည်ကို လိုက်ရှာနေတတ်သည့် ကောင်မလေး
လူသားတိုင်းဟာ နာကျင်ဖွယ်ရာကောင်းလှသော အလြေအနေတို့ကို ကြုံတွေ့လာရနိုင်ပြီး စိတ်ဓာတ်ကြံခိုင်စွာဖြင့် ရင်ဆိုင်ကျော်ဖြတ်နိုင်ရမည်ဖြစ်ပေသည်။သို့သော်လည်း ဘဝ၏ဒဏ်ရာများကို ရင်ဆိုင်နိုင်ခြင်းမရှိပါက စိတ်ထိခိုက်ကာ စိတ်မနှံသူတစ်ဦးအဖြစ်သို့ ရောက်ရှိသွားနိုင်ပါတယ်။
ယခုတွင်လည်း လမ်းမပေါ်တွင် သတိုးသမီးဝတ်စုံလေးဖြင့် နေ့စဥ်နေ့တိုင်းတွေ့မြင်နေရသည့် ကောင်မလေးတစ်ဦး၏အကြောင်းဟာလည်း အတော်လေး ဝမ်းနည်းဖွယ်ရာ ကောင်းလှပါတယ်။ကောင်မလေးဟာ လွန်ခဲ့သော ၃နှစ်ခန့်က ခင်ပွန်းဖြစ်သူကွယ်လွန်သွားခဲ့သောကြောင့် အတော်လေးစိတ်ထိခိုက်သွားခဲ့ရတာဖြစ်ပါတယ်။
ထို့ကြောင့် စိတ်မနှံသူတစ်ဦးလိုဖြစ်လာခဲ့ပြီး ယခုအချိန်ထိပင် သတိုးသမီးဝတ်စုံလေးကို ဝတ်ဆင်ပြီး ခင်ပွန်းဖြစ်သူကို လမ်းမတွေပေါ်မှာ လိုက်ရှာနေခဲ့တာဖြစ်ပါတယ်။
Shoon (Cele Daily)