ေခ်ာ္လဲကာ ဒဏ္ရာရခဲ့လို႔ ျမင္ေတြ႕သူမ်ားက ေဆး႐ုံသို႔ ပို႔ေပးခဲ့ၿပီး ဆရာဝန္မရွိသျဖင့္ ေဆး႐ုံအျပင္ဘက္တြင္ တစ္ဦးတည္းထိုင္ေစာင့္ေနခဲ့ရာမွ ေသဆုံးသြားရသည့္ ၆၁ႏွစ္အ႐ြယ္အဖြား

ယခုအေၾကာင္းအရာေလးကေတာ့ ႐ုရွားႏိုင္ငံ Dneprovskyၿမိဳ႕တြင္ ျဖစ္ပ်က္ခဲ့သည့္ အသက္၆၁ႏွစ္အ႐ြယ္ အဖြားအိုတစ္ဦး၏ ဝမ္းနည္းဖြယ္ရာ အျဖစ္ပ်က္ေလးျဖစ္ပါတယ္။အဖြားဟာ လမ္းမတစ္ခုေပၚတြင္ လမ္းေလွ်ာက္ရင္းေခ်ာ္လဲကာ ဒဏ္ရာအနည္းငယ္ရရွိခဲ့တာျဖစ္ပါတယ္။

ထို႔ေၾကာင့္ ျမင္ေတြ႕သူမ်ားက ကူညီကာ ေဆး႐ုံသို႔ ပို႔ေပးခဲ့ေသာ္လည္း ေဆး႐ုံတြင္ ဆရာဝန္မရွိေသးသည့္အတြက္ ဆရာဝန္လာသည္အထိေစာင့္ႏိုင္ရန္ အဖြားအိုကို ထိုင္ခုံတစ္လုံးျဖင့္ ေဆး႐ုံ၏အျပင္ဘက္ ေအးခဲေနေသာ ရာသီဥတု၏ၾကားတြင္ ထားခဲ့တာျဖစ္ပါတယ္။

အဖြားဟာ အကူအညီမဲ့စြာျဖင့္ ေအးခဲေနသည့္ၾကားမွ ဆရာဝန္ကို ေစာင့္ေနခဲ့ရၿပီး ဆရာဝန္ေရာက္ရွိလာေသာအခါတြင္ အဖြားအိုဟာ အသက္မရွိေတာ့ဘဲ ေသဆုံးေနၿပီျဖစ္ေၾကာင္း ဝမ္းနည္းဖြယ္ေတြ႕ရွိခဲ့ရတာျဖစ္ပါတယ္။

Shoon (Cele Daily)

Unicode

ချော်လဲကာ ဒဏ်ရာရခဲ့လို့ မြင်တွေ့သူများက ဆေးရုံသို့ ပို့ပေးခဲ့ပြီး ဆရာဝန်မရှိသဖြင့် ဆေးရုံအပြင်ဘက်တွင် တစ်ဦးတည်းထိုင်စောင့်နေခဲ့ရာမှ သေဆုံးသွားရသည့် ၆၁နှစ်အရွယ်အဖွား

ယခုအကြောင်းအရာလေးကတော့ ရုရှားနိုင်ငံ Dneprovskyမြို့တွင် ဖြစ်ပျက်ခဲ့သည့် အသက်၆၁နှစ်အရွယ် အဖွားအိုတစ်ဦး၏ ဝမ်းနည်းဖွယ်ရာ အဖြစ်ပျက်လေးဖြစ်ပါတယ်။အဖွားဟာ လမ်းမတစ်ခုပေါ်တွင် လမ်းလျှောက်ရင်းချော်လဲကာ ဒဏ်ရာအနည်းငယ်ရရှိခဲ့တာဖြစ်ပါတယ်။

ထို့ကြောင့် မြင်တွေ့သူများက ကူညီကာ ဆေးရုံသို့ ပို့ပေးခဲ့သော်လည်း ဆေးရုံတွင် ဆရာဝန်မရှိသေးသည့်အတွက် ဆရာဝန်လာသည်အထိစောင့်နိုင်ရန် အဖွားအိုကို ထိုင်ခုံတစ်လုံးဖြင့် ဆေးရုံ၏အပြင်ဘက် အေးခဲနေသော ရာသီဥတု၏ကြားတွင် ထားခဲ့တာဖြစ်ပါတယ်။

အဖွားဟာ အကူအညီမဲ့စွာဖြင့် အေးခဲနေသည့်ကြားမှ ဆရာဝန်ကို စောင့်နေခဲ့ရပြီး ဆရာဝန်ရောက်ရှိလာသောအခါတွင် အဖွားအိုဟာ အသက်မရှိတော့ဘဲ သေဆုံးနေပြီဖြစ်ကြောင်း ဝမ်းနည်းဖွယ်တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

Shoon (Cele Daily)

  • Leave a Comment