



Shoon (Cele Daily)

Unicode

ဇနီးသည်နှင့် စကားများပြီး စိတ်ကောက်ကာ ကီလိုမီတာ၃၀ကွာဝေးသော မိခင်အိမ်သို့ ပြေးပြန်ခဲ့သည့် အမျိုးသား ဇနီးသည်က ကားဖြင့်လိုက်ခေါ်သော်လည်း စိတ်ဆိုးမပြေခဲ့

စိတ်ဆိုးစိတ်ကောက်ခြင်းဆိုသည်မှာ အချစ်တိုင်းတွင် ဒွန်တွဲနေသော အရာပင်ဖြစ်ပေသည်။အချစ်ရှိခဲ့ပြီဆိုလျှင် စိတ်ဆိုးစိတ်ကောက်တာဟာ ကြုံကိုကြုံရတော်မှာဖြစ်ပါတယ်။ယခုတွင်လည်း တရုတ်နိုင်ငံ Zhejiangပြည်နယ် Hangzhouမြို့တွင် လင်မယားနှစ်ဦးတို့ဟာ စကားများရန်ဖြစ်ခဲ့ကြတာဖြစ်ပါတယ်။

ထို့နောက် မိခင်အိမ်သို့ ပြန်မည်ဟုဆိုကာ ခင်ပွန်းဖြစ်သူက ကားသော့ကိုရှာဖွေခဲ့ပါတယ်။ဇနီးသည်ကလည်း ပြန်သွားမှာစိုးရိမ်သောကြောင့် ကသော့ကို သိမ်းထားခဲ့ပါတယ်။ထိုအခါ အမျိုးသားဟာ ကီလို၃၀ကွာဝေးသည့် မိခင်အိမ်သို့ ပြေးပြန်ရန် ဆုံးဖြတ်ကာ အပြေးဝတ်စုံဝတ်ဆင်ပြီး ထွက်သွားခဲ့တာဖြစ်ပါတယ်။

ဇနီးသည်ဟာလည်း ကားဖြင့်လိုက်ချော့နေခဲ့သော်လည်း လုံးဝဂရုမစိုက်ဘဲ နေအိမ်ဆီသို့ အပြေးပြန်နေခဲ့တာဖြစ်ပါတယ်။

Shoon (Cele Daily)

  • Leave a Comment