



Shoon (Cele Daily)

Unicode

အလှပြင်ဆိုင်တွင် ချစ်သူကောင်မလေးမှ လက်သည်းအလှပုံဖော်နေသည်ကို ကြမ်းပြင်ပေါ်လေးတွင်ထိုင်ရင်း အချိန်၂နာရီကြာအောင် စိတ်ရှည်ရှည်နှင့် ထိုင်စောင့်ပေးခဲ့သည့် ကောင်လေး

ချစ်သူစုံတွဲတို့သည် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်နားလည်မှုတို့ဖြင့် သာယာသောအချစ်တစ်ခုကို တည်ဆောက်ကြရမည်ဖြစ်ပေသည်။တစ်ဦးနှင့်တစ်ဦး ရှိသင့်ရှိထိုက်သည့် တာဝန်ဝတ္တရားများကို နားလည်းမှုအပြည့်ဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးရမည်ဖြစ်ပေသည်။

ယခုတွင်လည်း ကောင်လေးတစ်ဦး၏ ချစ်သူအပေါ်ဂရုစိုက် ကြင်နာမှုဟာ အများအတွက် အားကျစရာ ဖြစ်ခဲ့ရသကဲ့သို့ အချို့အတွက်လည်း မနာလိုစရာဖြစ်ခဲ့ရပါတယ်။ကောင်လေးတစ်ဦးဟာ ချစ်သူကောင်မလေးမှ အလှပြင်ဆိုင်တွင် လက်သည်းအလှပုံဖော်ရန်အတွက် သွားရောက်ရန် အဖော်အနေဖြင့် လိုက်လာပေးခဲ့တာဖြစ်ပါတယ်။

ဆိုင်သို့ရောက်သောအခါတွင်လည်း ချစ်သူဘေးမှမခွာဘဲ အလှပြင်ရန် ကြာလွန်းလှသော အချိန်၂နာရီကို ကောင်မလေး၏ဘေး ကြမ်းပြင်ပေါ်တွင်သာ မညည်းမညူဘဲ ထိုင်စောင့်ပေးနေခဲ့တာဖြစ်ပါတယ်။

Shoon (Cele Daily)

  • Leave a Comment