Shoon (Cele Daily)
Unicode
စက်ချို့ယွင်းကာ မီးလောင်သွားခဲ့သည့် လန်ဘော်ဂီနီကားသစ်ကြီးကို ဂရုစိုက်ခြင်းမရှိဘဲ မတော်တဆအဖြစ်လေးကြောင့် ကြောက်လန့်သွားခဲ့သော ချစ်သူလေးကိုသာ အားပေးနှစ်သိမ့်နေခဲ့သည့် ကောင်လေး
လူသားတိုင်းဟာ ငွေကြေး၏ အရေးပါမှုတွေကြောင့် မိမိပိုင်ဆိုင်သော ပစ္စည်းတစ်ခုကို ဆုံးရှုံးသွားခဲ့ရပြီဆိုလျှင် နှမြေတသဖြစ်နေတတ်တာလည်း ဖြစ်ပါတယ်။လန်ဘော်ဂီနီဆိုသော ကားသစ်ကြီးများကို ဆိုလျှင် ပိုင်ဆိုင်ရန်မလွယ်ကူဘဲ ကမ္ဘာနိုင်ငံတွင် စီးနှင်နေသူများကိုပင် လက်ချိုးရေတွက်ရသည်အထိ စျေးကြီးလွန်းလှတာဖြစ်ပါတယ်။
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှ ကောင်လေးတစ်ဦးကတော့ လန်ဘော်ဂီနီကကြီးဖြင့် ချစ်သူကောင်မလေးကို ခေါ်ကာ ခရီးအတူထွက်ခဲ့တာဖြစ်ပါတယ်။ထိုအခါ လမ်းခရီးတစ်နေရာတွင် စက်ချို့ယွင်းကာ မီးလောင်မှုဖြစ်သွားခဲ့ပါတယ်။ကားမှ ရုတ်တရက်မီးလောင်ခဲ့သောကြောင့် ကောင်မလေးဟာလည်း အထိတလန့်ဖြစ်သွားခဲ့ပါတယ်။
ကောင်လေးဟာ ကားကြီးမီးလောင်သည်ကို ဂရုစိုက်ခြင်းပင် မရှိဘဲ ချစ်သူကောင်မလေး ကြောက်လန့်နေခြင်းမရှိရန်သာ ကြိုးစားရင်း နှစ်သိမ့်ပေးနေခဲ့တာဖြစ်ပါတယ်။
Shoon (Cele Daily)
  • Leave a Comment