



Shoon (Cele Daily)

Unicode

ချစ်သူကို မိဘများနှင့် မိတ်ဆက်ပေးရန်အတွက် အိမ်ခေါ်လာခဲ့ရမှ ဖခင်နှင့်ချက်ချင်းပင်ရင်းနှီးသွားပြီး ပထမဆုံးနေ့မှာပင် ဝိုင်းထောင်ကာ ရှက်ကီသောက်ခဲ့ကြလို့ ကောင်လေးကို စိတ်ဆိုးနေခဲ့သည့်ကောင်မလေး

ယခုဖော်ပြထားတဲ့ အကြောင်းအရာလေးကြောင့် ကောင်မလေးတို့အနေဖြင့်လည်း မိမိ၏ချစ်သူကောင်လေးကို သေချာစွာလေ့လာပြီးမှ မိဘများနှင့် မိတ်ဆက်ပေးသင့်တယ်ဟု သင်ခန်းစာ ရစေခဲ့ပါတယ်။ကောင်လေးများအတွက်ကတော့ သဘောကောင်းတဲ့ ယခုလိုယောက္ခထီးမျိုးနှင့်သာ စုံတွေ့ချကြမှာ သေချာပါတယ်။

ဗီယက်နမ်မှ ချစ်သူကောင်လေးကို မိဘများနှင့် မိတ်ဆက်ပေးခဲ့သည့် ကောင်မလေးကတော့ ပျော်လည်းပျော်စိတ်လည်းတိုနေခဲ့ရမှာသေချာပါတယ်။ကောင်မလေးဟာ ချစ်သူသက်တမ်း၂နှစ်ပြည့်ပြီးနောက်တွင် မိဘများနှင့် မိတ်ဆက်ပေးရန် အိမ်သို့ခေါ်လာခဲ့တာဖြစ်ပါတယ်။

ချစ်သူကောင်လေးဟာ ယောက္ခထီးလောင်းနှင့် ချက်ချင်းပင် မိတ်ဆွေဖွဲ့နိုင်ခဲ့ပြီး ရင်းနှီးသွားခဲ့တာဖြစ်ပါတယ်။ထို့ကြောင့် ပထမဆုံးတွေ့သည့်နေမှာပင် ယောက္ခထီးလောင်းနှင့်အတူ ဝိုင်းထောင်ပြီး သာသာယာယာလေးကစ်နေခဲ့ကြတာဖြစ်ပါတယ်။

Shoon (Cele Daily)

  • Leave a Comment