Shoon (Cele Daily)
Unicode
အခြားသူတွေကို မျက်လုံးပြူးသွားစေခဲ့သည် ချစ်သူ၃ဦးကို တစ်ပြိုင်တည်း လက်ထပ်ယူကာ မင်္ဂလာပွဲလေးကို ကျင်းပခဲ့သည့် အသက်၅၀အရွယ်အမျိုးသား
အချစ်တစ်ခုတွင် လူနှစ်ဦးအပြင် နောက်တစ်ယောက်တိုးလာခဲ့ပါက အချစ်ရေးသည် သာယာသော ခရီးလမ်းလေးတစ်ခုဖြစ်လာနိုင်တော့မည်မဟုတ်ပေ။သို့သော်လည်း အာဖရိကတိုက်အရှေ့ပိုင်းဒေသရှိ ယူဂန်ဒါနိုင်ငံ Kampalaမြို့ Kasenyiရပ်ကွက်တစ်ခုတွင် နေထိုင်သော အမျိုးသားရဲ့ အချစ်ရေးဟာ တတိယလူအပြင် နောက်တစ်ယောက်ပါ ထပ်ပေါ်လာခဒ့သော် ပျော်ရွင်နေဆဲဖြစ်ပါတယ်။
ထိုအမျိုး၅၀အရွယ်ရှိနေပြီဖြစ်တဲ့ အမျိုးသားဟာ သူ၏ချစ်သူသုံးယောက်စလုံးကို တစ်ခါတည်း မင်္ဂလာပွဲလေးကျင်းပကာ လက်ထပ်လိုကြောင့် ပြောဆိုခဲ့ပါတယ်။ထိုအခါ ချစ်သူသုံးဦးလုံးဟာ ပျော်ရွင်စွာဖြင့် လက်ခံခဲ့သောကြောင့် မင်္ဂလာပွဲလေးကို ကျင်းပခဲ့တာဖြစ်ပါတယ်။
ချစ်သူသုံးဦးတို့မှာ တစ်ဦးဟာ အသက်၄၈နှစ်အရွယ်ရှိပြီဖြစ်ပြီး တစ်ဦးမှာ ၂၇နှစ်ဖြစ်ကာ တစ်ဦးကတော့ အသက်၂၄နှစ်သာရှိသေးတယ်လို့ သိရပါတယ်။
Shoon (Cele Daily)