သတိုးသမီးလိုဝတ္ဆင္ၿပီး မဂၤလာပြဲတြင္ သတိုးသားကို အတင္းလိုက္နမ္းခဲ့ေသာ သူငယ္ခ်င္းေၾကာင့္ ဧည့္သည္မ်ားအားလုံး ရယ္ေမာေပ်ာ္႐ြင္ေစခဲ့သည့္အျဖစ္ေလး

မဂၤလာေဆာင္ေတာ့မည့္ ခ်စ္သူစုံတြဲေလးေတြကို အမွတ္တရေလးေတြဖန္တီးေပးရာ၌လည္း သူငယ္ခ်င္းတို႔၏ အခန္းဂ႑ဟာ အလြန္အေရးပါတယ္ဟု ဆိုရမွာျဖစ္ပါတယ္။ခ်စ္သူႏွစ္ဦးတို႔၏ ရည္မွန္းခ်က္ပန္းတိုင္ဆီကို အေရာက္ေလွ်ာက္လွမ္းႏိုင္ခဲ့သည့္အတြက္ သူငယ္ခ်င္းမ်ားဟာ ဂုဏ္ယူဝမ္းသာမဆုံးျဖစ္ေနၾကရတာလည္းျဖစ္ပါတယ္။

ယခုတြင္လည္းသတိုးသားေလးဟာ ခန္းနားေသာ မဂၤလာပြဲႀကီးထဲတြင္ ရင္ခုန္စိတ္လႈပ္ရွားစြာျဖင့္ ဧည့္ပရိတ္သတ္မ်ားစြာႏွင့္အတူ သတိုးသမီးေလးကို ေစာင့္ေနခဲ့တာျဖစ္ပါတယ္။ထိုအခ်ိန္တြင္ သူငယ္ခ်င္းေကာင္ေလးဟာ သတိသားမသိေအာင္ သတိုးသမီးဝတ္စုံကို ဝတ္ဆင္ၿပီး အနားကပ္ကာ အတင္းလိုက္နမ္းခဲ့တာျဖစ္ပါတယ္။

သတိုးသားဟာ ႐ုတ္တရက္ျမင္လိုက္ရေသာ သူငယ္ခ်င္းေၾကာင့္ လန္႔သြားခဲ့တာျဖစ္ပါတယ္။သို႔ေသာ္လည္း သတိုးသားဟာ အနမ္းခံလိုက္ရၿပီး ဧည္သည္ေတြအားလုံကေတာ့ သေဘာက်စြာျဖင့္ ရယ္ေမာေနခဲ့တာျဖစ္ပါတယ္။

Shoon (Cele Daily)

Unicode

သတိုးသမီးလိုဝတ်ဆင်ပြီး မင်္ဂလာပွဲတွင် သတိုးသားကို အတင်းလိုက်နမ်းခဲ့သော သူငယ်ချင်းကြောင့် ဧည့်သည်များအားလုံး ရယ်မောပျော်ရွင်စေခဲ့သည့်အဖြစ်လေး

မင်္ဂလာဆောင်တော့မည့် ချစ်သူစုံတွဲလေးတွေကို အမှတ်တရလေးတွေဖန်တီးပေးရာ၌လည်း သူငယ်ချင်းတို့၏ အခန်းဂဏ္ဍဟာ အလွန်အရေးပါတယ်ဟု ဆိုရမှာဖြစ်ပါတယ်။ချစ်သူနှစ်ဦးတို့၏ ရည်မှန်းချက်ပန်းတိုင်ဆီကို အရောက်လျှောက်လှမ်းနိုင်ခဲ့သည့်အတွက် သူငယ်ချင်းများဟာ ဂုဏ်ယူဝမ်းသာမဆုံးဖြစ်နေကြရတာလည်းဖြစ်ပါတယ်။

ယခုတွင်လည်းသတိုးသားလေးဟာ ခန်းနားသော မင်္ဂလာပွဲကြီးထဲတွင် ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် ဧည့်ပရိတ်သတ်များစွာနှင့်အတူ သတိုးသမီးလေးကို စောင့်နေခဲ့တာဖြစ်ပါတယ်။ထိုအချိန်တွင် သူငယ်ချင်းကောင်လေးဟာ သတိသားမသိအောင် သတိုးသမီးဝတ်စုံကို ဝတ်ဆင်ပြီး အနားကပ်ကာ အတင်းလိုက်နမ်းခဲ့တာဖြစ်ပါတယ်။

သတိုးသားဟာ ရုတ်တရက်မြင်လိုက်ရသော သူငယ်ချင်းကြောင့် လန့်သွားခဲ့တာဖြစ်ပါတယ်။သို့သော်လည်း သတိုးသားဟာ အနမ်းခံလိုက်ရပြီး ဧည်သည်တွေအားလုံကတော့ သဘောကျစွာဖြင့် ရယ်မောနေခဲ့တာဖြစ်ပါတယ်။

Shoon (Cele Daily)

  • Leave a Comment