



Shoon (Cele Daily)

Unicode

မသန်စွမ်းဖြစ်သွားသည့် ဖခင်ကိုမပြုစုနိုင်ဟုဆိုကာမိခင်မှ ထားသွားခဲ့သောကြောင့် ဖခင်အတွက် လိုလေသေးမရှိအောင် ပြုစုပေးနေခဲ့သည့် ပထမတန်းကျောင်းသားလေး

အချစ်တစ်ခုကို လေ့လာဆန်းစစ်ရာတွက် ဘဝ၏အနိမ့်အမြင့်အတတ်အကျ များစွာကို အတူတကွရင်ဆိုင်ကျော်ဖြတ်နိုင်ခြင်း ရှိမရှိကို လေ့လာရန် လိုအပ်လှပေသည်။တရုတ်နိုင်ငံတောင်ပိုင်း Guizhou ပြည်နယ် Wangpu ကျေးရွာမှ အသက်၃၇နှစ်အရွယ် အမျိုးသားဟာ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်ရင်းဖြင့် မတော်တဆဖြစ်ကာ အမြင့်တစ်နေရာမှပြုတ်ကျရင်း မသန်စွမ်းဘဝသို့ ရောက်ရှိသွားခဲ့ပါတယ်။

ထိုအခါ ဇနီးသည်ကလည်း မပြုစု မလုပ်ကျွေးနြိင်သဖြင့် ဒုက္ခရောက်နေသည့် ခင်ပွန်းနှင့် အသက်၆နှစ်အရွယ်သားလေးကို ထားခဲ့ကာ ထွက်သွားခဲ့ရပါတယ်။ထို့ကြောင့် ပထမတန်း ကျောင်းသားကလေးဟာ အိပ်ရာထဲလဲနေသည့် ဖခင်ကို နေ့စဥ်ပြုစုလုပ်ကျွေးနေရပြီး ပညာသင်ယူနေရပါတယ်။

ကလေးငယ်ဟာ ကျောင်းမသွားခင်အချိန်တွင် အစားအသောက်များချက်ပြုတ်ကာ ဖခင်ကို ကျွေးမွေးပြုစုပြီးမှ ကျောင်းသို့သွားရောက်လေ့ရှိတယ်ဟု သိရပါတယ်။

Shoon (Cele Daily)

  • Leave a Comment