Shoon (Cele Daily)
Unicode
ချစ်သူကောင်လေး၏အချစ်ကို စမ်းသပ်ရန်အတွက် အကောင့်အတုဖြင့် စကားသွားပြောကြည့်ရာ ကောင်လေးမှချစ်သူဟာ လွန်ခဲ့သော၂လကသေဆုံးသွားပြီး singleဖြစ်နေသည်ဟု ပြောခံခဲ့ရတဲ့ကောင်မလေး
စုံတွဲအချို့တို့သည် မိမိ၏ချစ်သူမှ မိမိအပေါ် အမှန်တကယ်ချစ်မြတ်နိုးမှုရှိမရှိကို စမ်းသပ်နိုင်ရန်အတွက် သူငယ်ချင်းများဖြင့်လည်းကောင်း မိမိကိုယ်တိုင်ပင် အခြားတစ်ယောက်အနေဖြင့် လည်းကောင်း ဟန်ဆောင်၍ စကားသွားပြောကြည့်တတ်ကြပါတယ်။
ယခုတွင်လည်း ဂါဘွန်နိုင်ငံ Accra မြို့မှ သူနာပြုဆရာမလေး Akosuah Mayဆိုသည့်ကောင်မလေးဟာ အကောင့်အတုတစ်ခုဖွင့်ခဲ့ပြီး သူ၏ချစ်သူကောင်လေးကို စမ်းသပ်ရန်အတွက် စကားသွားပြောခဲ့ပါတယ်။
ထိုအခါ သူမ၏ကောင်လေးဟာ ချစ်သူရည်းစားဟာ လွခဲ့သော၂လခန့်က ဆုံးပါးသွားခဲ့ပြီဖြစ်ကြောင်းနှင့် ယခုအခါတွင် တစ်ယောက်တည်းသာ ဖြတ်သန်းနေကြောင်းဆိုလာခဲ့ပါတယ်။ထိုအခါ သူနာပြုကောင်မလေးဟာ သူ၏ချစ်သူစကားကြောင့် အလွန်စိတ်မကောင်းဖြစ်သွားခဲ့ရပြီး တွစ်တာတွင် ရင်ဖွင့်ကာ ပြောပြလာခဲ့ပါတယ်။
Shoon (Cele Daily)