



Shoon (Cele Daily)

Unicode

ဂိမ်းထဲတွင် သိကျွမ်းခဲ့သောကောင်မလေးကို တွေ့ချင်လို့ ၁၄၆မိုင်အကွာအဝေးကို ဆိုင်ကယ်လေးဖြင့် လာခဲ့ရသော်လည်း အတွေ့မခံဘဲ လူဆိုးဟုပြောခံရသောကြောင့် လမ်းဘေးတွင် ထိုင်ငိုနေခဲ့သည့်ကောင်လေး

ယခုလိုခေတ်ကြီးထဲတွင် လူငယ်အများစုတို့ဟာ မိုဘိုင်းဂိမ်းများကို စွဲလမ်းစွာဆော့ကစားလာကြပြီး ဂိမ်းထဲတွင်လည်း မိတ်ဆွေအပေါင်းအသင်းများကို ရှာဖွေတွေ့ရှိလာခဲ့ကြပါတယ်။ယခုတွင်လည်း အင်ဒိုနီးရှားနိုင်ငံမှ ကောင်လေးတစ်ဦးဟာ ဂိမ်းထဲတွင်သိကျွမ်းခဲ့သောကောင်မလေးကို အပြင်မှာတွေ့နိုင်ရန်အတွက် ကီလိုမီတာ၂၃၆အကွာအဝေးကို ဆိုင်ကယ်လေးဖြင့် သွားရောက်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

သို့သော်လည်း ကောင်မလေးရှိသည့်မြို့လေးသို့ ရောက်ရှိသွားသောအခါ ကောင်မလေးက အတွေ့မခံသည့်အပြင် လူဆိုးလူမိုက်တစ်ယောက်ပဲဟု ပြောဆိုခြင်းကို ခံလိုက်ရပါတယ်။ထို့ကြောင့်ကောင်လေးဟာ အလွန်ဝမ်းနည်းသွားခဲ့ပြီး လမ်းဘေးတစ်ခုရှိ စားသောက်ဆိုင်၏ရှေ့တွင် အားရပါးရကို အော်ငိုနေခဲ့တာဖြစ်ပါတယ်။

ပတ်ဝန်းကျင်ရှိလူများကလည်း အကျိုးအကြောင်းမေးမြန်းသောအခါ သူ၏အဖြစ်လေးကို ငိုယိုရင်း ပြောပြနေခဲ့တာဖြစ်ပါတယ်။

Shoon (Cele Daily)

  • Leave a Comment