Shoon (Cele Daily)
Unicode
ဇနီးသည်နှင့် ကွာရှင်းပြီးနောက်တွင် သမီးလေးတွေ မိခင်ကိုလွမ်းနေမှာ စိုးရိမ်သဖြင့် အမျိုးသမီးလိုဝတ်ဆင်ပြီး သမီးလေးတွေကို စောင့်ရှောက်ခဲ့သည့် ဖခင်
သားသမီးကလေးငယ်တို့ဟာ မိဘနှစ်ပါးလုံး၏မေတ္တာကို လိုအပ်ကြပြီး မိဘတို့၏မေတ္တာဘာ ဘဝတစ်လျှောက်လုံးကို ခွန်အားဖြစ်စေတာဖြစ်ပါတယ်။ယခုတွင် Nguyen Phan Thanhဆိုသည့် ဗီယက်နမ်မှ ဖခင်တစ်ဦးသည် ဇနီးသည်နှင့် အကြောင်းမတိုက်ဆိုင်တော့သဖြင့် ကွာရှင်းပြတ်ဆဲခဲ့ကြပါတယ်။
ထို့နောက်တွင် သမီးငယ်နှစ်ဦးကိုလည်း ကိုယ်တိုင်ပြုစုစောင့်ရှောက်ပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။သူဟာ သမီးတို့အတွက် လိုလေသေးမရှိအောင် ဂရုစိုက်စောင့်ရှောက်နိုင်ခဲ့ပြီး သူသာလျှင်ဖခင် သူသာလျှင်မိခင်အနေဖြင့် အချိန်တိုင်းရှိနေပေးခဲ့တာဖြစ်ပါတယ်။
ထို့ကြောင့် တစ်ခါတစ်ရံတွင် သမီးလေးတွေမိခင်ကို သတိရမည်စိုးရိမ်သောကြောင့် မိန်းကလေးလိုဝတ်ဆင်ပြီး သမီးတို့ကို အဖော်ပြုပေးတတ်တာလည်း ဖြစ်ပါတယ်။
Shoon (Cele Daily)