သားျဖစ္သူေဆာ့ကစားရန္အတြက္ အမွန္တကယ္ေမာင္းလို႔ရသည့္ လန္ေဘာ္ဂီနီပုံစံ သစ္သားလွ်ပ္စစ္ကားေလးကို တီထြင္ဖန္းတီးခဲ့သည့္ ဖခင္တစ္ဦး

မိဘတို႔သည္ သားသမီးတို႔၏ ငယ္႐ြယ္စဥ္အခ်ိန္အခါတြင္ ေဆာ့ကစားရာ၌ အေထာက္အကူျပဳႏိုင္ရန္ အ႐ုပ္ေလးမ်ားကို ဝယ္ေပးတတ္ၾကပါတယ္။ေရွးယခင္က ျမန္မာတို႔ဟာ လက္မႈပညာထြန္းကားခဲ့သည့္အတြက္ ကေလးကစားစရာေတြကို ဖခင္က ကိုယ္တိုင္ဖန္တီးေပးေလ့ရွိတယ္ဟု သိရပါတယ္။

ယခုတြင္လည္း ဗိယက္နမ္ႏိုင္ငံမွ Truong Van Dao ဟုအမည္ရသည့္ ဖခင္တစ္ဦးသူ၏ကေလးအတြက္ ေဆာ့ကစားရန္ အမွန္တကယ္အသုံးျပဳႏိုင္ေသာ သစ္သားလွ်ပ္စစ္ လန္ေဘာ္ဂီနီကားကေလးကို ဖန္တီးေပးခဲ့တာျဖစ္ပါတယ္။

သူဟာ ကားတစ္စီးလုံးကို သစ္သားမ်ားျဖင့္ ေသသပ္လွပစြာဖန္တီး တည္ေဆာင္ခဲ့တာျဖစ္ၿပီး၆၅ရက္ၾကာ တည္ေဆာက္ခဲ့ရတယ္လို႔ သိရပါတယ္။ကားကေလးကို ဘတ္တရီႏွင့္လွ်ပ္စစ္ေမာ္တာျဖင့္ အမွန္တကယ္ေမာင္းႏွင္ႏိုင္ေအာင္ ျပဳလုပ္ခဲ့တာျဖစ္ၿပီး တစ္နာရီကို ၂၅ကီလိုမီတာအထိ သြားေရာက္ႏိုင္တယ္လို႔ သိရပါတယ္။

Shoon (Cele Daily)

Unicode

သားဖြစ်သူဆော့ကစားရန်အတွက် အမှန်တကယ်မောင်းလို့ရသည့် လန်ဘော်ဂီနီပုံစံ သစ်သားလျှပ်စစ်ကားလေးကို တီထွင်ဖန်းတီးခဲ့သည့် ဖခင်တစ်ဦး

မိဘတို့သည် သားသမီးတို့၏ ငယ်ရွယ်စဥ်အချိန်အခါတွင် ဆော့ကစားရာ၌ အထောက်အကူပြုနိုင်ရန် အရုပ်လေးများကို ဝယ်ပေးတတ်ကြပါတယ်။ရှေးယခင်က မြန်မာတို့ဟာ လက်မှုပညာထွန်းကားခဲ့သည့်အတွက် ကလေးကစားစရာတွေကို ဖခင်က ကိုယ်တိုင်ဖန်တီးပေးလေ့ရှိတယ်ဟု သိရပါတယ်။

ယခုတွင်လည်း ဗိယက်နမ်နိုင်ငံမှ Truong Van Dao ဟုအမည်ရသည့် ဖခင်တစ်ဦးသူ၏ကလေးအတွက် ဆော့ကစားရန် အမှန်တကယ်အသုံးပြုနိုင်သော သစ်သားလျှပ်စစ် လန်ဘော်ဂီနီကားကလေးကို ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။

သူဟာ ကားတစ်စီးလုံးကို သစ်သားများဖြင့် သေသပ်လှပစွာဖန်တီး တည်ဆောင်ခဲ့တာဖြစ်ပြီး၆၅ရက်ကြာ တည်ဆောက်ခဲ့ရတယ်လို့ သိရပါတယ်။ကားကလေးကို ဘတ်တရီနှင့်လျှပ်စစ်မော်တာဖြင့် အမှန်တကယ်မောင်းနှင်နိုင်အောင် ပြုလုပ်ခဲ့တာဖြစ်ပြီး တစ်နာရီကို ၂၅ကီလိုမီတာအထိ သွားရောက်နိုင်တယ်လို့ သိရပါတယ်။

Shoon (Cele Daily)

  • Leave a Comment