



Shoon (Cele Daily)

Unicode

တပည့်လေးတွေကို ချစ်လွန်းလို့ သော့ချိတ်လေးတွေ လက်ဆောင်ပေးခဲ့သော်လည်း ငါ့တို့လည်း ဝယ်နိုင်တယ်ဆိုသည့် ကျောင်းသားတစ်ဦး၏စကားကြောင့် စိတ်ထိခိုက်သွားသည့် ဆရာမတစ်ဦး

ကျောင်းသားကျောင်းသူများအပေါ် စိတ်ရှည်သည်းခံမှု နားလည်ခွင့်လွတ်ပေးမှုတို့ကို အစဥ်ပြုလုပ်ပေးနိုင်သော ဆရာတို့၏ မေတ္တာစေတနာသည် အလွန်ကြီးမားလွန်းလှပေသည်။ဆရာတို့သည် မိမိတို့၏ တပည့်များကို လိမ္မာရေးခြားရှိစေရန်နှင့် ပညာသင်ယူချိန်တွင် ပျော်ရွင်စွာဖြင့် ပညာကို ဆုံးခန်းတိုင်အောင် သင်ယူနိုင်ရန် မျှော်လင့်နေကြပေသည်။

ယခုတွင်လည်း ဆရာမ Kathleen Jane J.Mendozaသည် သူ၏တပည့်လေးတွေကို ပျော်ရွင်မှုရစေရန်အတွက် တစ်ခန်းလုံးကျောင်းသားကျောင်းသူပုံလေးတွင့်ဖြင့် သေချာစွာပြုလုပ်ထားသော သော့ချိတ်လေးတွေကို လက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။

ထိုအခါ ကျောင်းသားတစ်ဦးထံမှ သူတို့လည်း သော့ချိတ်ကို ဝယ်ယူနိုင်သည်ဆိုသည့် စကားကြောင့် အတော်လေးစိတ်ထိခိုက်သွားခဲ့ကတာဖြစ်ပါတယ်။ဆရာမဟာ လိုင်းပေါ်တွင် ရင်ဖွင့်လာခဲ့ပြီး ကျောင်းသားကျောင်းသူတွေကို အပြစ်မမြင်ဘူးဟုလည်း ဆိုခဲ့တာဖြစ်ပါတယ်။

Shoon (Cele Daily)

  • Leave a Comment