



Shoon (Cele Daily)

Unicode

သားဖြစ်သူ အွန်လိုင်းမှ ပညာသင်နိုင်ရန်အတွက် လိုအပ်နေသော ဖုန်းကလေးကို ပိုက်ဆံမရှိသည့်ကြားမှ ဝယ်ပေးနိုင်ခဲ့သောကြောင့် ပီတိဖြစ်နေခဲ့သည့် မိခင်တစ်ဦး

ကူးစက်မြန်ကပ်ရောဂါကြီးကြောင့် ကမ္ဘာကြီဟာ ချက်ချင်းပင် ရပ်တန့်သွားခဲ့ရပေသည်။ထို့ကြောင့် နိုင်ငံတိုင်း၏ စီးပွားရေး လူမှုရေး ပညာရေး ကျန်းမာရေးတို့ဟာ များစွာထိခိုက်မှုရှိခဲ့သည်။နိုင်ငံအစိုးရတို့ဟာ ကလေးငယ်များကို ပညာသင်ကြားလိုစိတ် ပျောက်ကွယ်သွားမည်စိုးရိမ်သည့်အတွက် အွန်လိုင်းမှ ပညာသင်ကြားရန် ဆုံးဖြတ်ခဲ့ပါတယ်။

ထိုအခါ ဖိလစ်ပိုင်နိုင်ငံမှ ငွေကြေးအဆင်မပြေသည့် ကလေးနှင့်မိခင်တစ်ဦးလေးတို့၏ အဖြစ်ဟာ အခြားသူများကို စာနာစေခဲ့ပါတယ်။ထိုမိခင်ဟာ သားဖြစ်သူ ပညာသင်ကြားနိုင်ရန်အတွက် ဖုန်းလေးကို ဝယ်ပေးချင်နေခဲ့ပါတယ်။ငွေကြေးအဆင်မပြေဖြစ်နေသော်လည်း မိခင်ဟာ သားငယ်လေးကိုခေါ်ပြီး ကုန်တိုက်တစ်ခုမှာ သွားရောက်ဝယ်ယူပေးခဲ့ပါတယ်။

ဝယ်ယူပြီးချိန်တွင် ကုန်တိုက်ဘေးတွင် ထိုင်နေပြီး သားငယ်လေးဖုန်းကိုဖွင့်ကြည့်နေခြင်းအား ဘေးမှကြည့်ရင်းနှင့် ပီတိတွေဖြစ်နေသည့် မိခင်၏ ပုံရိပ်လေးဟာ မြင်တွေ့ရသူအကုန်လုံးကို ဂရုဏာသက်စေခဲ့ပါတယ်။

Shoon (Cele Daily)

  • Leave a Comment