



Shoon (Cele Daily)

Unicode

ဖခင်ဖြစ်သူ သေဆုံးသွားပြီးနောက် နေအိမ်မှထွက်သွားသည့် မိခင်ကို နေ့စဥ်နေ့တိုင် မျှော်နေရသည့် အသက်၆နှစ်နှင့် အသက်၁၀နှစ်အရွယ်မောက်နှမနှစ်ဦး

ဖခင်ကိုဆုံးရှုံးလိုက်ရသောကြောင့် ရင်ကွဲမတတ်ခံစားနေရသည့် ကလေးငယ်နှစ်ဦး၏ အဖြစ်သည် အလွန်ဝမ်းနည်းဖွယ် ကောင်လှတာဖြစ်ပါတယ်။အသက်၆နှစ်အရွယ်နှင့် အသက်၁၀နှစ်အရွယ် ညီအမနှစ်ဦးလေးတို့ဟာ ဖခင်ဖြစ်သူကို ယာဥ်မတော်တဆမှုကြောင့် ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။

ထိုအခါမိခင်ဖြစ်သူဟာလည်း သားသမီးတွေကို ထားခဲ့ပြီး နေအိမ်မှထွက်ခွားသွားခဲ့တာဖြစ်ပါတယ်။ထို့ကြောင့် နေအိမ်တွင်ရှိနေသော အဖိုးဖြစ်သူကိုသာ အားကိုးနေရပြီး စားဝတ်နေရေးနှင့်ငွေကြေးအခက်အခဲများစွာ ကြုံတွေ့နေရတာဖြစ်ပါတယ်။

အဖိုးဖြစ်သူဟာလည်း သားဖြစ်သူကို ဆုံးရှုံးထားရသောကြောင့် အလွန်ခံစားနေရပြီး မျက်လုံမှာလည်း ခွဲစိတ်ကုသရန်လိုအပ်နေခဲ့ကာ ငွေကြေးမတတ်နိုင်ဖြစ်နေခဲ့တာပါ။ကလေးမလေးနှစ်ဦးဟာ နေအိမ်မှထွက်သွားသည့် မိခင်ဖြစ်သူကို နေ့စဥ်နေ့တိုင်း မျှော်နေခဲ့ရပြီး လူတိုင်းဟာ မိခင်မေတ္တာလေး၏ အငွေ့အသက်ကို ခံစားလိုကြတာဖြစ်ပါတယ်။

Shoon (Cele Daily)

  • Leave a Comment