



Shoon (Cele Daily)

Unicode

ကျောင်းမှကျင်းပသည့် မိတ်ဆုံစားပွဲသို့ တတ်ရောက်ရန် ဝတ်စုံမဝယ်နိုင်သောကြောင့် ညီမလေးအတွက် ကိုယ်တိုင်ဒီဇိုင်းဆွဲကာ ဝတ်စုံချုပ်ပေးခဲ့သည့် အကိုတစ်ဦး၏ မေတ္တာ

အကိုအမတို့ဆိုသည်မှာ ညီငယ်ညီမငယ်များအတွက် အားကိုးအားထားရသည့် ဒုတိယမိဘများပင်ဖြစ်ပါတယ်။မိဘနှစ်ပါးမအားလပ်သည့်အချိန်များတွင် အကိုအမတို့ဟာ ညီငယ်ညီမငယ်တို့ကို ငယ်စဥ်ကတည်းကပင် ကူညီစောင့်ရှောက်ပေးခဲ့ကြရတာဖြစ်ပါတယ်။

ယခုတွင်လည်း ကောင်မလေးတစ်ဦးသည် ကျောင်း၏ မိတ်ဆုံစားပွဲသို့ တတ်ရောက်ရန်အတွက် အဆင်ပြေစေမည့် ဝတ်စုံကိုလိုအပ်မေခဲ့ပါတယ်။ဆိုင်သို့သွားရောက်ပြီး ဝတ်ဆုံကို ဝယ်ယူရန် ငွေကြေးအဆင်မပြေသောကြောင့် ကောင်မလေးဟာ ပွဲတက်ရန်အခက်အခဲဖြစ်နေပါတယ်။

ထို့ကြောင့် အကိုဖြစ်သူဟာ ညီမလေး၏ဒုက္ခကို မကြည့်ရက်သောကြောင့် ကိုယ်တိုင်ဝတ်စုံကို ချုပ်လုပ်ပေးခဲ့ပါတယ်။အကိုဖြစ်သူချုပ်ပေးလိုက်သည့် ဝတ်စုံဟာ အလွန်လှပလွန်းလှပြီး သေသပ်လှသော အဝတ်အစားပုံစံဖြင့် လူဘုံအလယ်တွင် ထင်ပေါ်နေခဲ့တာဖြစ်ပါတယ်။

Shoon (Cele Daily)

  • Leave a Comment