



Shoon (Cele Daily)

Unicode

စာသင်ကျောင်းတွင် ကျင်းပခဲ့သည့် ဖက်ရှင်အလှပြိုင်ပွဲတွင် စက္ကူများဖြင့် ဝတ်စုံပြုလုပ်ကာ ယှဥ်ပြိုင်ခဲ့ပြီး ဒုတိယဆုကို ရရှိခဲ့သည့် ကျောင်းသားသုံးဦး

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့မှ အလယ်တန်းကျောင်းတစ်ခုတွင် ကျောင်းသားကျောင်းသူများကို ဖက်ရှင်ပြိုင်ပွဲကဲ့သို့ ကျင်းပပွဲလေး ပြုလုပ်ခဲ့ပါတယ်။ထိုပြိုင်ပွဲလေးဟာ တစ်ကျောင်းလုံးမှ ကျောင်းသားလေးတွေက ကြိုက်နှစ်သက်ရာ ဝတ်စုံကို ဝတ်လာရမှဖြစ်ပါတယ်။

ထို့ကျောင်း ကျောင်းသားသူငယ်ချင်းသုံးယောက်ဟာ တစ်ကျောင်းလုံးမှ သူတို့၏ဖက်ရှင်ကို သဘောကျ ပျော်ရွင်နိုင်ရန်အတွက် ဝတ်စုံကို ကိုယ်တိုင်ဖန်တီးဖို့ ကြိုးစားခဲ့ကြပါတယ်။ထို့ကြောင့် စက္ကူလေးတွေကိုအသုံးပြုပြီး အိမ်ဖော်ဝတ်စုံဟုဆိုကာ ဝတ်စုံကို ဖန်တီးခဲ့ကြပါတယ်။

သူတို့ဖန်တီးလိုက်တဲ့ ဝတ်စုံလေးဟာကျောင်းမှ ဆရာဆရာမတို့၏ အသိအမှတ်ပြုခြင်းကို ခံခဲ့ရပြီး ဒုတိယဆုကို ချီးမြှင့်ခံခဲ့ရပါတယ်။လူငယ်သုံးယောက်ဖန်တီးထားတဲ့ ဝတ်စုံလေးဟာ ချီးကျူးဂုဏ်ပြုသင့်သည်မှာ အမှန်ပင်ဖြစ်ပါတယ်။

Shoon (Cele Daily)

  • Leave a Comment