



Shoon (Cele Daily)

Unicode

သိပ်ချစ်လွန်းလို့ ချစ်သူမျက်နှာပုံလေးကို ရင်ဘတ်တွင် တတ်တူးထိုးထားခဲ့သော်လည်း လမ်းခွဲလိုက်ရသောကြောင့် ခွေးပုံအဖြစ် ပြောင်းလဲခဲ့သည့် အမျိုးသား

ချစ်ခြင်းတစ်ခုတွင် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ယုံကြည်မှုသည် အလွန်အရေးပါသော အချက်တစ်ခုပင်ဖြစ်ပေသည်။လူတိုင်းသည် အချစ်ဆိုသောအရာနှင့် ကင်းကွာ၍မရဘဲ တစ်ကြိမ်တစ်ခါတော့ ထိတွေ့ခံစားဖူးကြပေလိမ့်မည်။

အချို့လူများသည် အချစ်နှင့်ဆုံတွေ့ချိန်တွင် အမှန်တကယ်ချစ်မြတ်နိုးပြီး ချစ်သူလေးကို တန်ဖိုးထားကြောင်း သိရှိစေရန် နည်းအမျိုးမျိုးဖြင့် ကြိုးစားကြသည်။ထို့ကြောင့် တတ်တူးထိုးခြင်းဆိုသည့် အနုပညာတစ်မျိုးဖြင့် သက်သေပြရန် ကြိုးစားလာကြတာတွေ့ရမှာပါ။

လူငယ်တစ်ဦးသည်လည်း အရမ်းချစ်ရသော ချစ်သူကောင်မလေးနှင့် ဆုံတွေ့ခဲ့ရပုံပေါ်ပါတယ်။ချစ်သူကောင်မလေး၏ ပုံတူမျက်နှာလေးကို ရင်ဘတ်လေးပေါ်တွင် တတ်တူးထိုးပြီး အချစ်အတွက် သက်သေပြခဲ့ပါတယ်။သို့သော်လည်း လမ်းခွဲပြတ်ဆဲလိုက်ရသောအခါ ချစ်သူ၏ပုံတူတတ်တူးလေးမှာ အလကားဖြစ်သွားခဲ့သောကြောင့် ခွေးမျက်နှာပုံစံကို ပြောင်းလဲလိုက်ပါတယ်။

Shoon (Cele Daily)

  • Leave a Comment