



Shoon (Cele Daily)

သမီးနှင့်တွဲနေသည့် ချစ်သူကောင်မလေးကို သဘောမကျသောကြောင့် သမီး၏အချစ်ကို ကြိုးစားကာ လက်ထပ်နိုင်မည့် အခြားကောင်လေးတွေကို သန်း၁၆၀ပေမည်ဆိုသည့် ဘီလျံနာသူဋ္ဌေးကြီး

သူဋ္ဌေးကြီးတစ်ဦး၏ ကြေညာချက်တစ်ခုဟာ အမျိုးသားထုကြီးတစ်ခုလုံးကို အနည်းငယ်စိတ်လှုပ်ရှားစေခဲ့ပြီဖြစ်ပါတယ်။ဟောင်ကောင်နိုင်ငံမှ Cecil Chao Sze tsungဆိုသည့် ဘီလီယံနာ သူဋ္ဌေးကြီးဟာ သူ၏သမီးနှင့် လက်ထပ်မည့်သူအား ဒေါ်လာသန်း၁၆၀ပေးမည်ဟု ကြေညာခဲ့တာဖြစ်ပါတယ်။

သူဋ္ဌေး၏ သမီးလေးမှာ ချစ်သူတစ်ဦးရှိနေခဲ့ပြီး အချစ်ကိုရရှိအောင် ကြိုးစားယူဖို့တော့ လိုအပ်တာဖြစ်ပါတယ်။သူဋ္ဌေး၏သမီးဖြစ်သူ ကောင်မလေးနှင့်တွဲနေသည့် ကောင်မလေးမှ ပြင်သစ်နိုင်ငံသားဖြစ်ပြီး သူဋ္ဌေးကြီးက သဘောမတူနိုင်ဖြစ်နေခဲ့ပါတယ်။ကောင်မလေးဟာလည်း ပြင်သစ်ကောင်မလေးနှင့် လက်ထပ်ဖို့ကြိုးစားလာတာကြောင့် အခြားသူများကို ကြိုးစားလာစေရန် ကြေညာခဲ့တာဖြစ်ပါတယ်။

သူဋ္ဌေးကြီး၏ အတွေးကတော့ အခုတွဲနေတဲ့ ကောင်မလေးမဟုတ်ရင်ပြီးရော အခြားသူနှင့်ဆိုလည် သန်း၁၆၀အထိပေးကာ သဘောတူမှာဖြစ်ပါတယ်။

Shoon (Cele Daily)

  • Leave a Comment