



Shoon (Cele Daily)

Unicode

နေအိမ်ဟောင်းလေးတွင် တစ်ဦးတည်းဆင်းရဲစွာဖြတ်သန်းနေရသည့် အသက်၈၈နှစ်အရွယ်အဖိုးအိုကို အိမ်အသစ်လေးဆောက်ပေးကာ ကူညီခဲ့သည့် biker လူငယ်လေးများ

Bikerလူငယ်လေးများဟာ ဆိုင်ကယ်များဖြင့် နိုင်ငံအနှံလှည့်လည်သွားလာနေသူများဖြစ်ပါတယ်။လူငယ်လေးများဟာ လှည့်လည်သွားလာရင်းနှင့် ဖိလစ်ပိုင်နိုင်ငံ Maab Abacaခရိုင်Ilocos Norteကျေးရွာအရောက်တွင် ပသ်ပန်းဆင်ရဲလွန်းလှသော အသက်၈၈နှစ်အရွယ် Lolo Felicianoဆိုသည့်အဖိုးအိုကို တွေ့မြင်ခဲ့ရပါတယ်။

အဖိုးအိုဟာ နေအိမ်အစုတ်ကလေးထဲတွင် တစ်ယောက်တည်းနေထိုင်နေရပြီး မိသားစုဝင်တွင်မရှိဘဲ နေထိုင်နေရသူဖြစ်ပါတယ်။ထို့ကြောင့် လူငယ်တစ်စုဟာ အဖိုး၏ အဖြစ်ကို တွေ့ရှိပြီးနောက်တွင် ကိုယ်တိုင်ဒီဇိုင်းဆွဲကာ နေအိမ်ငယ်လေးကို စနစ်တကျ ဆောက်လုပ်ပေးခဲ့ပါတယ်။

ထို့အပြင် အဖိုးအို၏ ကျန်းမာရေးနှင့် စားဝတ်နေရေးများကိုလည်း ကြည့်ရှုပေးနိုင်ရန်အတွက် အပတ်တိုင်းလာရောက်တွေ့ဆုံကာ ကူညီပေးလေ့ရှိတယ်ဟု သိရပါတယ်။

Shoon (Cele Daily)

  • Leave a Comment