



Shoon (Cele Daily)

Unicode

ကားရေဆေးသမားဘဝမှ ရင်နာစရာပင်ပန်းမှုတွေကို ရှုန်းထွက်ပြီး သန်းကြွယ်သူဋ္ဌေးတစ်ဦးဖြစ်လာအောင် ကြိုးစားနိုင်ခဲ့သည့် လူငယ်လေး

ကျွန်ုပ်တို့လူသားများအားလုံးကို ငယ်စဥ်ကတည်းကပင် အောင်မြင်သော သူဋ္ဌေးကြီးတစ်ဦးဖြစ်လာရမည်ဟု တံဆိပ်ကပ်ပေးလိုက်ခြင်းမျိုး မဟုတ်ပေ။မိမိကိုယ်တိုင်ကြိုးစားမှသာလျှင် အောင်မြင်သော လူတစ်ယောက်အနေဖြင့် လောကတွင် ထည်ဝါစွာ ရပ်တည်နိုင်မည် ဖြစ်ပေသည်။

ယခုတွင်လည်း Edmar Batacဆိုသည့် အမျိုးသားတစ်ဦးဟာ ကားရေဆေး အလုပ်သမားဘဝမှသည် ပင်ပန်းဆင်းရဲလှသော မိသားစုအခြေအနေကြောင့် နေ့တိုင်း စိတ်ညစ်နေခဲ့ရသည်။ထို့ကြောင့် ဘဝ၏စွန့်စားမှုများအဖြစ် လုပ်ငန်းများစွာကို လုပ်ကိုင်လာခဲ့သည်။ထို့နောက်တွင် လုပ်ငန်းအချို့ဟာ အောင်မြင်လာခဲ့ပါတယ်။

သူဟာ သီးနှံကုန်သည်အနေဖြင့် လုပ်ကိုင်ခြင်း ကားအသစ်အရောင်းဆိုင်ကြီးကို ဖွင့်လှစ်ခြင်း ကွန်ပျူတာဆိုင်များဖွင့်လှစ်ခြင်းဖြင့် အောင်မြင်လာခဲ့ပြီး ယခုအချိန်တွင် သန်းကြွယ်သူဋ္ဌေးအနေဖြင့် ရပ်တည်နိုင်လာခဲ့တာဖြစ်ပါတယ်။

Shoon (Cele Daily)

  • Leave a Comment