Shoon (Cele Daily)
Unicode
ညအချိန်တွင် ပန်းသီးလေးများ လိုက်ရောင်းနေသောကြောင့် ငွေလှူဒါန်းသည်ကို လက်မခံဘဲ ပန်းသီးလေးကိုသာ ဝယ်ယူအားပေးရန် တောင်းဆိုခဲ့သည့် ကလေး
မိသားစု၏ ဘဝအခက်အခဲတွေကို ကူညီပေးနိုင်ရန်အတွက် ကလေးတော်တော်များများဟာ တတ်နိုင်သည့်ဘက်မှ ကြိုးစားပေးတတ်ကြပါတယ်။ကလေးငယ်တို့ဟာ ငယ်ရွယ်လွန်းလှသော်လည်း ဘဝမှာ အလွန်ရုံးကန်နေရသူများကို တွေ့ရှိခဲ့လျှင် လူတိုင်းဟာ အလွန်စိတ်မကောင်းဖြစ်တတ်ကြရပါတယ်။
ယခုတွင်လည်း အသက်၉နှစ်အရွယ်ခန့်သာရှိသေးသည့် ကလေးငယ်တစ်ဦးသည် မိသားစု၏ စားဝတ်နေရေးအတွက် ညအချိန်တွင် ကားလမ်းပေါ်၌ ပန်းသီးလေးတွေကို လိုက်လံရောင်းချနေခဲ့ပါတယ်။ထိုအခါ လူတစ်ဦးက ခရီးသွားနေရင်း မြင်သွားခဲ့ပြီး ကလေးငယ်လေးကို ကူညီရန်အတွက် ခေါ်ဆောင်ကာ ပိုက်ဆံလေးကိုလှူဒါန်းဖို့ ကြိုးစားခဲ့ပါတယ်။
သို့သော်လည်း ကလေးငယ်လေးဟာ ပိုက်ဆံကို အလကားမယူလိုသည့်အတွက် ငြင်းဆန်ခဲ့ပြီး သူရောင်းချနေသည့် ပန်းဆီးလေးကိုသာ ဝယ်ယူအားပေးပြီး ကူညီရန် တောင်းဆိုခဲ့တာဖြစ်ပါတယ်။
Shoon (Cele Daily)