Shoon (Cele Daily)
Unicode
အသက်၅၈နှစ်အရွယ်မှ ကိုယ်ဝန်ဆောင်ကာ အမွှာကလကို မွေးဖွားလို့ဆိုကာ ပတ်ဝန်းကျင်၏ ဝေဖန်ကဲ့ရဲ့ခြင်းကို ခံနေရသည့် အမျိုးသမီး
တစ်ခါတစ်လေတွင် ပတ်ဝန်းကျင်ဆိုသော အရာသည် အလွန်ပင် စိတ်ပျက်ဖွယ် ဖြစ်နေတတ်ပါတယ်။ပတ်ဝန်းကျင်ကို လိုအပ်သည်ထက် ပို၍ဂရုစိုက်နေလျှင် ပင်ပန်းနေမည်ဖြစ်သည်။ယခုတွင်လည်း တရုတ်နိုင်ငံ Shandong ပြည်နယ် Yantaiမြို့တွင်နေထိုင်သော Truong Ngoc Maiဆိုသည့် အသက်၅၈နှစ်အရွယ် အမျိုးသမီးဟာ အမွှာကလေးကို ဆေးရုံတစ်ခုတွင် မွေးဖွားခဲ့ပါတယ်။
အမျိုးသမီးဟာ အမွှာကလေးကို မွေးဖွားလို့ဟုဆိုကာ ပတ်ဝန်းကျင်က ဝေဖန်ကဲ့ရဲ့ကြပါတော့တယ်။ကိုယ့်သဘောနှင့်ကို ကလေးမွေးဖွားတာတောင် ကဲ့ရဲ့နေကြတာဖြစ်ပါတယ်။အမျိုးသမီးဟာ သားတစ်ဦးကို မွေးဖွားခဲ့သော်လည်း သားလေးဟာ အသက်၂၀အရွယ်တွင် ယာဥ်မတော်တဆမှုကြောင့် သေဆုံးသွားခဲ့ရပါတယ်။
ထို့ကြောင့်အမျိုးသမီးဟာ အသက်ကြီးမှ ကလေးထပ်ယူဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး အမျိုးသမီးကတော့ ပတ်ဝန်းကျင်ကို လုံးဝဂရုမစိုက်ဘူးဟု ဆိုခဲ့တာဖြစ်ပါတယ်။
Shoon (Cele Daily)