Shoon (Cele Daily)
Unicode
လောင်းကစားလုပ်ထားသည့် ရှုံးကြွေးများကို ပြန်ဆပ်နိုင်ရန်နှင့် ဖုန်းအသစ်ဝယ်ရန်အတွက် သားအမွှာလေးနှစ်ဦးကို ရောင်းချခဲ့သည့် မိခင်တစ်ဦး
တစ်ခါတစ်လေတွင် ကြားသိလိုက်သော အခြေအနေများကြောင့် လူတိုင်းကို အံ့အားသင့်သွားစေနိုင်မှာ သေချာပါတယ်။ယခုတွင် တရုတ်နိုင်ငံတွင် အမှန်တကယ်ဖြစ်ပျက်ခဲ့သော ဖြစ်ရပ်တစ်ခုကြောင့် လူတိုင်းပါးစပ်အဟောင်းသား ဖြစ်နေခဲ့ရပေသည်။
ဟုတ်ပေသည်။အသက်၂၀အရွယ်သာရှိသေးသည့် မိခင်တစ်ဦးဟာ လောင်းကစားဆော့ရာမှ ရှုံးထားသော အကြွေးတွေကို ပြန်ဆပ်နိုင်ရန်နှင့် ဖုန်းအသစ်ဝယ်ရန် အမှန်တကယ်ပင် သားအမွှာလေးကို ရောင်းချခဲ့တာဖြစ်ပါတယ်။သားတစ်ဦးကို ယွမ်၄၅၀၀ဖြင့်ရောင်းချခဲ့တာဖြစ်ပြီး နောက်သားတစ်ဦးကိုတော့ ယွမ်၂၀၀၀၀ဖြင့်ရောင်းချခဲ့တာလို့ သိရပါတယ်။
ထို့နောက်တွင် အကြွေးဆပ်ကာ ဖုန်းအသစ်တစ်လုံးကို ဝယ်ယူခဲ့တာဖြစ်ပြီး ဆုံးသွားသော အကြွေးဝယ်ကဒ်များကိုလည်း ပြန်ရွေးခဲ့တယ်လို့ သိရပါတယ်။ထို့အကြောင်းကို ကလေးဖခင်က သိသောအခါ စိတ်ဆိုးဒေါသထွက်နေသော်လည်း မိခင်ကတော့ အကြွေးကြေဖို့အတွက် ပြုလုပ်ခဲ့တာဟု ဆိုခဲ့ပါတယ်။
Shoon (Cele Daily)