



Shoon (Cele Daily)

Unicode

စာမေးပွဲပြီး၍ အိမ်ပြန်သွားသော ကျောင်းသူမလေး ထားခဲ့သည့် အခန်းပုံစံကြောင့် ဝမ်စနည်းကာ ငိုကြွေးသွားခဲ့ရသည့် အဆောင်မှူး

ယခုအဖြစ်အပျက်လေးဟာ ထိုင်းနိုင်ငံ Mahasarakhamပြည်နယ်ရှိ ကျောင်းသူဆောင်တစ်ခုမှ အဖြစ်အပျက်လေးဖြစ်ပါတယ်။ကျောင်းသားကျောင်းသူများဟာ တက္ကသိုလ်တစ်ခု တတ်ရောက်နိုင်ရန်အတွက် မိဘနေအိမ်မှ ခွဲခြားရပြီး ကျောင်းရှိရာမြို့လေးတွင် အဆောင်များ၌ ငှားရမ်းနေထိုင်ကြရတာဖြစ်ပါတယ်။

ထိုအချိန်တွင် အချို့ကျောင်းသားကျောင်းသူတို့၏ စည်းကမ်းမရှိသည့် လုပ်ရက်တွေကို တွေ့ရှိခဲ့ရပါတယ်။ယခုတွင်လည်း အဆောင်မှူးတစ်ဦးဟာ ကျောင်းသူကောင်မလေး နေထိုင်သွားသည့် အခန်းပုံစံကို လိုင်းပေါ်တင်ခဲ့ပြီးနောက်တွင် ကျောင်းသူလေးဟာ အတော်လေးဝေဖန်ခံခဲ့ရပါတယ်။

ကျောင်းသူလေးဟာ သူမနေထိုင်သည့် အခန်းတစ်ခုလုံးကို အမှိုက်ပုံများကဲ့သို့ဖြစ်အောင် ထားခဲ့ပြီး အဆောင်မှူး၏အဆိုအရ ဆိုးရွားသောအနံ့များပင် ထွက်ပေါ်နေတာဟု ဆိုခဲ့ပါတယ်။ကျောင်းသူလေးဟာ အခန်းထဲတွင် ဘယ်လိုများနေထိုင်ခဲ့လဲဆိုတာ အတော်လေးစဥ်းစားနေရပါတယ်။

Shoon (Cele Daily)

  • Leave a Comment