



Shoon (Cele Daily)

Unicode

ဘဝ၏ပျော်ရွင်ဖွယ် အခိုက်အတန့်လေးတွင် အဝတ်ပင်မဝတ်ရလို့ မပြုံးနိုင်ဘဲ မင်္ဂလာပွဲကို ကျင်းပခဲ့ရသည့် သတိုးသား

မင်္ဂလာဆောင်ဆိုသည်မှ လူတိုင်းအတွက် အရေးပါလှသော အချိန်တစ်ခုပင်ဖြစ်ပေသည်။သတိုးသားပင်ဖြစ်စေ သတိုးသမီးပင်ဖြစ်စေ သူတို့၏ဘေးဖက်ခြမ်းတွင် ချစ်ရသူလေးကို ယအားကိုးအားထားပြုနိုင်တော့မည်ဖြစ်ပေသည်။

ထို့ကြောင့် ပျော်ရွင်ကြည်နူးစွာဖြင့်ပင် မင်္ဂလာဝတ်စုံကို ဆင်မြန်းပြီး ဘဝ၏မမေ့နိုင်စရာ အခိုက်အတန့်လေးကို ဖန်တီးကြခြင်းဖြစ်သည်။သို့သော်လည်း အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ်မှ မင်္ဂလာပွဲ၏ သတိုးသားပုံကြောင့် လူတိုင်းဟာ စိတ်ဝင်တစားဖြစ်နေခဲ့ကြပါတယ်။

မင်္ဂလာပွဲတွင် သတိုးသားဟာ အဝတ်ပင်မပါဘဲ ဧည့်ခံခဲ့ပြီး သတိုးသမီးကတော့ လှပစွာ ဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။အကြောင်းမှာတော့ သတိုးသားဟာ မင်္ဂလာမဆောင်ခင် လေးရက်အလိုတွင် ဆိုင်ကယ် မတော်တဆဖြစ်ခဲ့ပြီး ဒဏ်ရာအများအပြားရရှိကာ ပခုံးကို ခွဲစိတ်ခဒ့ရတာဖြစ်ပါတယ်။ထို့ကြောင့် အဝတ်အစားမဝတ်နိုင်ဖြစ်နေခဲ့ပြီး မင်္ဂလာပွဲကို အဝတ်မပါဘဲ ကျင်းပခဲ့ရတာဖြစ်ပါတယ်။

Shoon (Cele Daily)

  • Leave a Comment