



Shoon (Cele Daily)

Unicode

အသက်၉၅နှစ်အရွယ် ဖိုးဖိုး၏ ၃ဦးမြောက်ဇနီးနှင့် ဖွားဖွား၏ ၃ဦးမြောက် ခင်ပွန်းအဖြစ်လက်ထပ်ခဲ့ကြသည့် မင်္ဂလာပွဲလေး

လူတစ်ဦးတစ်ယောက်တွင် ဘဝတစ်ခုလုံးကို လျှောက်လှမ်းနိုင်ရန်အတွက် ဘေးကနေအမြဲနှစ်သိမ့်အားပေးနိုင်ရန်အတွက် ကူဖော်လောင်ဖက်တစ်ဦးတော့ လိုအပ်လှပေသည်။ယခုတွင်ခည်း အမေရိကန်နိုင်ငံမှ အဖိုးဂျွန်ရှလက်စ်ဂျူရီနှင့် အဖွားဂျွိုင်းနက်နူတန်တို့ နှစ်ဦးသည် သူတို့၏ အသက်၉၅နှစ်မြောက် မွေးနေ့လေးတွင် နှစ်ဦးလုံး၏ ၃ကြိမ်မြောက် မင်္ဂလာပွဲလေးကို ကျင်းပခဲ့ကြပါတယ်။

အဖိုးနှင့်အဖွားတို့ဟာ ရှေးယခင်က အိမ်ထောင်ဖက်၂ဦးစီရှိခဲ့ဖူးကြပြီး တိုက်ဆိုင်မှုများအဖြစ် အသက်အရွယ်နှင့် အကြိုက်ခြင်းများဟာလည်း တူညီနေခဲ့တာဖြစ်ပါတယ်။အဖိုးတွင်မြေး၈ဦးအထိရှိနေခဲ့ပြီး အဖွားတွင်တော့ မြေး၁၅ဦးအထိရှိနေတာဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ အကုန်အဆင်ပြေနေသည့်အတွက် လက်ထပ်ယူရန်ဆုံးဖြတ်ခဲ့ကြပြီး ၉၅နှစ်ပြည့် မွေးနေ့လေးတွင် သားသမီးမြေးများနှင့်အတူ မင်္ဂလာပွဲလေးကို ပျော်ရွင်စွာ ကျင်းပခဲ့တာဖြစ်ပါတယ်။

Shoon (Cele Daily)

  • Leave a Comment