



Shoon (Cele Daily)

Unicode

သာမန်ထက် ခန္ဓာကိုယ်အဝလွန်နေတဲ့ ဝန်ထမ်းတွေကို လစာဖြတ်လေ့ရှိသည့် ကုမ္ပဏီတွင် မန်နေဂျာကိုယ်တိုင် အဝလွန်လို့ လစာဖြတ်ခံရသည့်အဖြစ်

လူသားတို့ဟာ ဘဝ၏ စားဝတ်နေရေးကို ပြေလည်စေရန်အတွက် အလုပ်မျိုးစုံကို ရွေးချယ်လုပ်ကိုင်လျက် ရှိနေခဲ့ကြပါတယ်။လုပ်ကိုင်သည့် အလုပ်တိုင်းတွင်လည်း အလုပ်ရှင်များမှ ချမှတ်ထားသော စည်းကမ်းများစွာရှိတတ်ပြီး စည်းကမ်းသတ်မှတ်ချက်တွေကို ဝန်ထမ်းများက လိုက်နာကြရပါတယ်။

စည်းကမ်းအရလိုက်နာရမည်ဆိုသော်လည်း တရုတ်နိုင်ငံ Zhengzhou မြို့ရှိ ကုမ္ပဏီတစ်ထု၏ စည်းကမ်းကတော့ ကြားသိရသူများကို အံ့သြစေခဲ့ရပါတယ်။ထိုကုမ္ပဏီမှ ချမှတ်ထားသည့်စည်းကမ်းများထဲတွင် ပုံမှန်ထက် ဝနေသူများကို လစာဖြတ်တောက်တာဖြစ်ပါတယ်။

ကုမ္ပဏီတွင် မန်နေဂျာအဖြစ် လုပ်ကိုင်နေသော အမျိုးသားတစ်ဦးဟာဆိုလျှင် ပုံမှန်တစ်လကို ယွမ်၅၀၀ဖြတ်တောက်ခံနေရပြီး နှစ်နှစ်ကြာအဖြတ်ခံလာရတယ်ဟု ပြောပြလာခဲ့ပါတယ်။ထို့ကြောင့်မန်နေဂျာလေးဟာ အစားအသောက်များကို ဆင်ခြင်လာရပြီး ပုံမှန်လေ့ကျင့်ခန်းများလည်း ပြုလုပ်လာခဲ့ရတယ်လို့သိရပါတယ်။

Shoon (Cele Daily)

  • Leave a Comment