Shoon (Cele Daily)
Unicode
အရပ်ရှည်သူများကိုသာ သဘောကျသည်ဆိုသော ကောင်မလေးက လူပုလေးကိုမြင်တာနဲ့ချစ်သွားလို့ လက်ထပ်ယူခဲ့ပြီး ဂင်းနစ်စံချိန်ဝင်ခဲ့သည့်အဖြစ်
ဖူးစာဆိုသော အကြောင်းတရာတစ်ခုသည် အလွန်ဆန်းကြယ်လွန်းလှသည်ဆိုတာကို လူတိုင်းငြင်းနိုင်လိမ့်မည်မဟုတ်ပေ။အချစ်ဆိုသော အရာတွင် ရုပ်ရည်အသွင်အပြင် အဆင့်အတန်းတို့သည် လုံးဝအရေးမပါဘဲ မြတ်နိုးစစ်မှန်မှုသာ အဓိကကျပေသည်။ယခုတွင်လည်း ဝေးလ်နိုင်ငံမှ ခလိုလူးစက်ဆိုသည့် အမျိုးသမီးတစ်ဦးသည် အရပ်ရှည်ရှည်ကောင်လေးတွေကို အမြဲသဘောကျတယ်ဟု ပြောဆိုလေ့ရှိနေခဲ့တာဖြစ်ပါတယ်။
သို့သော်လည်း အရပ်၂ပေနှင့် ၈လက်မသာရှိသော ဂျိမ်းဆိုသော အမျိုးသားနှင့် တွေ့ဆုံပြီးနောက်တွင် သူ၏ပြောဆိုချက်ဟု ပြောင်းလဲသွားခဲ့ပါတယ်။သူမဟာ အမျိုးသားကို မြင်တာတဲ့ ချစ်ကြိုက်မိခဲ့ကြပြီး လက်ထပ်ယူခဲ့တာဖြစ်ပါတယ်။ထို့နောက်တွင် သူတို့ဇနီးမောင်နှံဟာ အရပ်ကွာခြားမှုအများဆုံးသော လင်မယာအဖြစ် ကမ္ဘာ့မှတ်တမ်းလည်းဝင်သွားခဲ့တာဖြစ်ပါတယ်။အမျိုးသမီး၏ အရပ်ဟာ ၅ပေနှင့်၈လက်မအထိရှိနေခဲ့ပါတယ်။ယခုဆိုလျှင် သူတို့ဇနီးမောင်နှံလေးဟာ ကလေးတစ်ဦးကိုလည်း ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။
Shoon (Cele Daily)