



Shoon (Cele Daily)

Unicode

ဆိုင်မှ အစားအစာများကို စိတ်ကြိုက်မှာစာပြီးနောက် ပိုက်ဆံမရှင်းချင်လို့ ခေါင်းမူချင်ယောင်ဆောင်နေသည့် ကောင်မလေးကို ရဲလက်အပ်ခဲ့သည့် မန်နေဂျာ

စာဖတ်သူများအနေဖြင့်ရော တစ်ခါတစ်လေ ဆိုင်ထိုင်သည့်အချိန်မျိုးတွင် ပိုက်ဆံမပါလာသညိ့အဖြစ်မျိုး သို့မဟုတ် မရှင်းချင်လို့ နည်းလမ်းတစ်ခုခုဖြင့် ဖြေရှင်းသည့် အချိန်မျိုးရှိခဲ့ဖူးပါလား။ယခုတွင်တော့ အမေရိကန်နိုင်ငံ ဖလော်ရီဒါမှ ပေါင်မလေးတစ်ဦးဟာ မည်သည့်အတွက်ကြောင့် ပြုလုပ်ခဲ့လဲဆိုတာ မသိရပေမယ့် အကြံမအောင်မြင်လို့ ရဲစခန်းရောက်သွားခဲ့ရပါတယ်။

ကောင်မလေးဟာ Pancake Houseဆိုသည့် ဆြိင်တစ်ခုတွင် တစ်ယောက်တည်းလာရောက်ပြီး အစားအစာများကို စိတ်ကြိုက်မှာစားခဲ့တာဖြစ်ပါတယ်။ထို့နောက်တွင် ငွေရှင်းရတော့မည့်အချိန်မှ ငွေမရှင်းချင်သောကြောင့် ခေါင်းကိုက်နေသည်ဟုဆိုကာ ဟန်ဆောက်နေခဲ့ပါတယ်။

ထို့နောက်တွင် ဆိုင်၏မန်နေဂျာဟာလည်း ကောင်မလေး၏ အခြေအနေကို ရိပ်မိခဲ့သောကြောင့် ရဲစခန်းသို့အကြောင်းကြားလိုက်ရာမှာတော့ အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။

Shoon (Cele Daily)

  • Leave a Comment