Shoon (Cele Daily)
Unicode
မင်္ဂလာပွဲတွင် ထူးခြားမှုရှိစေရန်အတွက် တစ်နာရီခွဲကြာအောင် မာရသွန်ပြေးပြီး မင်္ဂလာပွဲသို့ သတိုးသားတစ်ဦးအနေဖြင့် ပန်းဝင်ကာ အောင်ပွဲခံခဲ့သည့် အမျိုးသား
နောက်ပိုင်းခေတ်ကာလများတွင် ချစ်သူစုံတွဲအများစုတို့ဟာ သူတို့၏မင်္ဂလာပွဲလေးတွင် အများနှင့်မတူဘဲ ထူးခြားမှုလေးရှိနေစေရန် အဆန်းထွင် လုပ်ဆောင်တတ်လာကြပါတယ်။ဗီယက်နမ်နိုင်ငံမှ အသက်၃၆နှစ်အရွယ်ရှိ Dam Danh Tungဆိုသည့်အမျိုးသားဟာ သူ၏ချစ်ရသော အသက်၂၈နှစ်အရွယ် Le Trangဆိုသည့်အမျိုးသမီးနှင့်လက်ထပ်ရာတွင် အများနှင့်မတူထူးခြားစေရန်ပြုလုပ်ခဲ့ပါတယ်။
အမျိုးသားဟာ မာရသွန်အပြေးသမားဖြစ်သည့်အတွက် မင်္ဂလာဆောင်သည့်နေ့တွင်လည်း မာရသွန်ပြေးခဲ့တာဖြစ်ပါတယ်။အမျိုးသားဟာ ၁နာရီခွဲမျှပြေးရသည့် အကွာအဝေးကို မနက်၄နာရီမှစပြီး တာထွက်ပြေးလာခဲ့တာဖြစ်ပါတယ်။
ထိုအချိန်တွင် သတိုးသမီးဟာ မင်္ဂလာဝတ်စုံကို ဝတ်ဆင်ပြီး မင်္ဂလာဆောင်ပွဲမှ စောင့်နေခဲ့ပါတယ်။အမျိုးသားဟာ မင်္ဂလာပွဲဆီသို့ ပန်းဝင်လာပြီးနောက်တွင် သတိုးသားအနေဖြင့် အောင်ပွဲခံကာ မင်္ဂလာဆောင်သွားခဲ့တာဖြစ်ပါတယ်။
Shoon (Cele Daily)
  • Leave a Comment