Shoon (Cele Daily)
Unicode
ရောင်းချထားသော နေအိမ်ကို ဝယ်ယူသူအနေဖြင့် သမီးနှစ်ဦးရမည့်အပြင် သူမကိုပါ ယူနိုင်တယ်ဟု ကြေညာထားသည့် အမျိုးသမီး
ယခုအချိန်တွင် အင်ဒိုနီးရှားနိုင်ငံတစ်ခွင်လုံးရှိ အင်တာနက်အသုံးပြုသူများ၏ အာရုံကို ဆွဲဆောင်နေခဲ့သည့် ကိစ္စတစ်ခုရှိနေခဲ့ပါတယ်။ထိုအကြောင်းအရာလေးကတော့ အမျိုးသမီးတစ်ဦး၏ သူမပိုင်ဆိုင်သည့် နေအိမ်လေးကို ရောင်းချနေတာလည်းဖြစ်ပါတယ်။
အိမ်ရောင်းချနေသည့် အမျိုးသမီးဟာ အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်းမှ အသက်၃၁နှစ်အရွယ်ရှိ Ayu Novi Astianaဆိုသူဖြစ်ပါတယ်။သူမတွင် သမီးနှစ်ဦးရှိနေပြီး ယောကျာ်းဖြစ်သူနှင့် ကွာရှင်းထားခဲ့တာလည်းဖြစ်ပါတယ်။ထို့ကြောင့် သူမဟာ သူမ၏နေအိမ်ကို ရောင်းချခဲ့ပြီး ဝယ်ယူသူအနေဖြင့် အိမ်၏တန်ဖိုးကို ပေးချေရမည့်အပြင် သူမ၏သမီးနှစ်ဦအပြင် အမျိုးသမီးကိုလည်း ယူရမှာဖြစ်ပါတယ်။
ထိုအကြောင်းကပင် အတော်လေးနာမည်ကြီးနေခဲ့ပြီး လူအများစုရာ ယောကျာ်းရှာတာလား အိမ်ကိုအိမ်ရောင်းတာလားဆိုပြီး မေးမြန်းနေခဲ့ကြပါတယ်။
Shoon (Cele Daily)