Shoon (Cele Daily)
Unicode
မိခင်မရှိသည့်အချိန်၌ အိပ်ရာမှနိုးလာပြီး ငိုနေခဲ့သော ညီမလေးဖြစ်သူကို အငိုတိတ်အောင် သီချင်းဆိုပြနေသည့် အသက်၂နှစ်အရွယ် ချစ်စဖွယ် ကလေး
မောင်နှမဆိုသော သံယောဇဥ်လေးသည် ငယ်စဥ်အခါ မသိတတ်သေးသော အရွယ်ကတည်းကပင် တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးစွာတည်ရှိနေပြီး ဖြစ်ပေသည်။အကိုအမ မောင်လေးညီမလေးများသည် တစ်ဦးနှင့်တစ်ဦး စိတ်ကောက်နေလျှင်ပင် လိုအပ်လာခဲ့ပါက အကူအညီပေးရန် အဆင်သင့် ရှိနေတတိကြပါတယ်။
ယခုတွင်လည်း ဗီယက်နမ်မှ မိခင်တစ်ဦးဟာ သူမ သမီးလေးနှစ်ဦး၏ သံယောဇဥ်ကို ဖော်ပြသွားခဲ့တာဖြစ်ပါတယ်။သမီးအငယ်ဆုံးလေး အိပ်နေသည့်အချိန်တွင် ၂နှစ်အရွယ် သမီးလေး၏ အသံမကြားသောကြောင့် မိခင်က သွားချောင်းကြည့်ခဲ့တာဖြစ်ပါတယ်။
သမီးအကြီးဖြစ်သူဟာ အျပ်နေသည့် ညီမလေး၏ဘေးတွင် ငြိမ်ငြိမ်လေးထိုင်ကာ သူ၏အင်္ကျီကို ဖြဲဆော့နေခဲ့တာဖြစ်ပါတယ်။ထိုအချိန်တွင် ညီမလေးက နိုးလာပြီး ငိုနေခဲ့သောကြောင့် အငိုတိတ်အောင် သီချင်းလေးဆိုပြနေခဲ့တာလည်းဖြသ်ပါတယ်။ကလေးအငိုတိတ်အောင် သီချင်းဆိုပြနေသည့် အမူအရာလေးမှာလည်း အလွန်ချစ်စဖွယ်ကောင်းနေခဲ့ပါတယ်။
Shoon (Cele Daily)