Shoon (Cele Daily)
Unicode
ချစ်သူကောင်မလေး၏ ထားခဲ့ခြင်းကို ခံခဲ့ရသည်မှာ တစ်နှစ်ကျော်ပြီဖြစ်သော်လည်း မမေ့နိုင်ဖြစ်နေသောကြောင့် ကောင်မလေး၏ ဂါဝန်ကို နေ့တိုင်းဖတ်အိပ်နေခဲ့သည့်ကောင်လေး
စာဖတ်သူတို့ထဲမှာရော မိမိ၏ ပြတ်ဆဲသွားပြီဖြစ်သော ချစ်သူကို မမေ့နိုင်ဘဲ နေ့စဉ်သတိရနေကြတဲ့ အချစ်ကြီးသူများလည်း ရှိလိမ့်မယ်လို့ ထင်မြင်မိပါတယ်။နှလုံးသားဖြင့် အမှန်တကယ်ချစ်ခဲ့သူတိုင်းဟာ ချစ်သူလေးကို မမေ့နိုင်တာဟာ ဆန်းကြယ်လှသော အရာတစ်ခုတော့ မဟုတ်ပေ။
ယခုတွင်လည်း အမျိုးသားတစ်ဦးသည် သူ့ညီလေးဖြစ်သူ၏ အချစ်ကြောင့် ခံစားနေရမှုကို လိုင်းပေါ်တွင် ဖော်ပြခဲ့တာဖြစ်ပါတယ်။လိုင်းပေါ်တင်ခဲ့သူ၏ အဆိုအရ ကောင်လေးဟာ ချစ်သူ၏ ထာခဲ့ခြင်းကို ခံခဲ့ရပြီး လမ်းခွဲခဲ့သည်မှာ တစ်နှစ်ခွဲအထိကြာခဲ့ပြီဖြစ်ပါတယ်။
မေ့နိုင်လောက်သည့် အချိန်တစ်ခုဟု ဆိုရမည်ဖြစ်သော်လည်း ကောင်လေးဟာ မမေ့နိုင်ဘဲ ကောင်မလေး ဝတ်ဆင်ခဲ့သည့် ဂါဝန်လေးကို နေ့တိုင်းအနားတွင်ထားပြီး ဖတ်အိပ်နေခဲ့တာလည်းဖြစ်ပါတယ်။
Shoon (Cele Daily)